တရုတ် ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး မြ၀တီဘက်သွားဖို့ မဲဆောက်ရောက်
2024 Feb 16 ကျားဖြန်နှိမ်နင်းရေးအတွက် တရုတ်နိုင်ငံရဲ့ တာဝန်လွှဲအပ်ခံထားရတဲ့ တရုတ်ပြည်သူ့လုံခြုံရေး ဒုဝန်ကြီး လျူဇောင်ယီ (Liu Zhongyi) ဟာ ဒီကနေ့ ဖေဖော်၀ါရီ ၁၆ ရက် မနက် ၁၀ နာရီ ၅၀ မိနစ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ် ကနေ မဲဆောက်လေဆိပ်ကို ရောက်ရှိလာပါတယ်။ အဆိုပါလေယာဥ်မှာ ထိုင်းနာမည်ကြီး အတိုက်အခံပါတီခေါင်းဆောင် ထိုင်း ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလုံခြုံရေး၊ နယ်စပ်ရေးရာနှင့် အမျိုးသား မဟာဗျူဟာနှင့် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကော်မတီ ဥက္ကဌ ဖြစ်သူ