မေ ၁၈ အင်ဒိုနီးရှား ရေပိုင်နက်အတွင်း ထိုင်းနိုင်ငံအလံလွှင့်ထူထားတဲ့ သင်္ဘော တစ်စီးကို မသင်္ကာဖွယ် တွေ့ရှိလို့ လိုက်လံဖမ်းဆီးရာကနေ အမေရိကန်ဒေါ်လာ ၄၂၆ သန်း တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ တယ်လို့ အင်ဒိုနီးရှားရေတပ်က မေ ၁၆ ရက်မှာ သတင်းစာရှင်းလင်း ထုတ်ပြန်သွားပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ရီယူကျွန်းခရိုင်ဒေသအနီး တန်ဂျန်းဘာလိုင်ကာရီမမ်ရေပိုင်နက်မှာ ဒီသင်္ဘောကို မသင်္ကာဖွယ်ရာ တွေ့ရှိရပြီး အရှိန်မြှင့်မောင်းပြေးလို့ လိုက်လံဖမ်းဆီးခဲ့ရာမှာ ကိုကင်း ၁ . ၂ တန်နဲ့ စိတ်ကြွဆေး ၇၀၅ ကီလိုဂရမ်နဲ့အတူ ထိုင်းနိုင်ငံသား တစ်ယောက်နဲ့ မြန်မာနိုင်ငံသား ၄ ယောက်ကို ဖမ်းဆီးရမိခဲ့တာပါ။ မေလတတိယ အပတ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီဖမ်းဆီးရမိမှုဟာ အင်ဒိုနီးရှားနိုင်ငံ သမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေး သင်္ဘောနဲ့ သယ်ဆောင်မှုဖြစ်တယ်လို့ … Continue reading ဒေါ်လာသန်း ၄၀၀ ကျော် မူးယစ်ဆေးသင်္ဘော အင်ဒိုဖမ်းမိ၊ မြန်မာ ၄ ဦးပါဝင်