
ကချင်ပြည်နယ်ရှိ မေခမြစ်၌ ရေ အရောင်ပြောင်းလဲမှုတွေ့ရှိ
Kachin Environmental Group – KEG
May 25/ 2025
Website: https://surl.gd/csiivf
၂၀၂၅ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ထဲသို့ ဆင်းဝင်သည့် မေခမြစ်အထက်ပိုင်း၌ မြစ်ရေအရောင်ပြောင်းနေသည်ကို တွေ့ရှိရသည်။

ထိုရေအရောင်ပြောင်းခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပေါ်သည်ကို မသိရှိရသေးပါ။
မေခမြစ်သည် ခေါင်လန်ဖူးမြို့အထက်ပိုင်းမှ စတင်စီးဆင်းလာပြီး မလိခမြစ်နှင့် ပေါင်းဆုံကာ မြစ်ကြီးနားမြို့ ဘက်သို့ ဆက်လက်စီးဆင်းသွားသော မြစ်ကြီးတစ်စင်းအဖြစ် ရှိသည်။

ရှမ်းကျော် (Shankyaw – 25.760631, 97.991562) ကျေးရွာနှင့် ရှငေါ် (Sha Ngaw – 25.652431, 97.878657) ကျေးရွာအနီးအနားတို့ တွင် အဆိုပါရေအရောင်ပြောင်းခြင်း ပိုမိုဖြစ်ပွားနေသည်ကိုလည်း တွေ့ရှိရသည်။
KEG #Kachin #Enviroment
Photos: google map