သန်ခေါင်ထက် ညဥ့်မနက်တော့သည့် ခရီး
လွတ်မြောက်ရာ ရေးသည်။
အာဏာသိမ်းတာကိုလက်မခံနိူင်လို့တွန်းလှန်ခဲ့တဲ့ မဝတ်ရည်အောင်ဟာ ထောင်အတွင်း နှိပ်စက်ခံရတဲ့ ဒဏ်နဲ့ လုံလောက်တဲ့ဆေးကုသမူမခံရတဲ့အတွက် ဇူလိုင်လ ၂၀ရက်မှာ ကျဆုံးခဲ့ပါတယ်။ သူသေဆုံးချိန်မှာ အသက် ၂၅ နှစ်ပဲ ရှိသေးတာပါ။
ရုပ်သံ ကြည့်ရှုရန် – https://youtu.be/0kKzESyRpN8
Facebook ၌ ဖတ်ရှုရန် – https://www.facebook.com/share/p/17PRvnLwTf/
သူဟာအသက် ၂၀ အရွယ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်အတွင်း ၅ နှစ်နီးပါး အကျဥ်းကျခံရပြီး နောက်မှာတော့ သူမုန်းတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ဖိနှိပ်မူဒါဏ်ကြောင့် အသက်စတေးခဲ့ရတာဖြစ်ပါတယ်။
မဝတ်ရည်အောင်အနေနဲ့ နောက်ဆုံးအချိန်အထိ အာဏာရှင်ကိုဆန့်ကျင်ပုန်ကန်သွားခဲ့တာဖြစ်သလို အာဏာရှင် အုပ်စိုးနေသမျှ သူ့လိုအဖြစ်ဆိုးတွေရှိလာနေမှာဆိုတာကို မီးမောင်းထိုးပြသွားခဲ့တာပါ။
အကျဥ်းထောင်တွေထဲမှာ နှိပ်စက်တာက ဆိုးဆိုးဝါးဝါးရှိနေသလို လုံလောက်တဲ့ ဆေးဝါးကုသမူ မပေးနိုင်လို့ အသက်ပေး သွားခဲ့ရတာ မဝတ်ရည်အောင် တစ်ယောက်တည်းမဟုတ်ပါဘူး။
ရုပ်သံ ကြည့်ရှုရန် – https://youtu.be/0kKzESyRpN8
စစ်အုပ်စုလက်အတွင်းမှ နိုင်ကျဥ်းတို့ရဲ့ငရဲခန်း
မြန်မာနိူင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြုစုထားတဲ့ စာရင်းအရ ဒီနှစ် ၂၀၂၅ ခုနှစ်ရဲ့ ပထမ ၇ လတာအတွင်းမှာ အကျဥ်းထောင်တွေထဲ လုံလောက်တဲ့ ဆေးကုသမခံရလို့ သေဆုံးခဲ့ရတဲ့ နိူင်ငံရေး အကျဥ်းသား ၁၇ ယောက် ရှိတယ်လို့ ဆိုပါတယ်။
အာဏာကိုထိပါးရင် ပြည်သူကိုရန်သူလို့သတ်မှတ်ပြီး ရက်ရက်စက်စက်ဆက်ဆံတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ လုပ်ရပ်ကို နိုင်ငံရေးအကျဥ်းသားတွေက အနီးစပ်ဆုံးခံစားနေရတာဖြစ်ပါတယ်။
မြန်မာနိူင်ငံမှာစစ်တပ် အာဏာသိမ်းတာကိုလက်မခံနိုင်လို့ နည်းမျိုးစုံနဲ့ ဆန့်ကျင်ဖီဆန်ခဲ့တာကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသူ သုံးသောင်းနီးပါးရှိပြီး ၂၂၀၀၀ ကျော်က ထိန်းသိမ်းခံရဆဲပါ။
ဖမ်းဆီးခံရပြီးမှ သေဆုံးခဲ့ရတာ ၂၁၅၂ ယောက် ရှိနေပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
အဲဒီဖမ်းဆီးထိန်းသိမ်းခံထားရသူတွေဟာ စစ်တပ်ရဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ဆန့်ကျင်တော်လှန်ရင်း သူတို့ရဲ့ပြင်ပဘဝတွေကို အဆုံးရူံးခံခဲ့ကြရတာပါ။
ရုပ်သံ ကြည့်ရှုရန် – https://youtu.be/0kKzESyRpN8
အစကောင်းခဲ့တဲ့ လူထုလူပ်ရှားမူ
အာဏာသိမ်းတဲ့ အစောပိုင်းကာလမှာ နိုင်ငံတဝန်း သိန်းသန်းချီတဲ့ ပြည်သူလူထုက အာဏာသိမ်းတာကို လက်မခံတဲ့အကြောင်း လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
နယ်ပယ်အသီးသီးသူတွေကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် စစ်တပ်အုပ်ချုပ်တာကို လက်မခံတဲ့ အကြောင်း ပုံစံအမျိုးမျိုးနဲ့ အာဏာဖီဆန်ခဲ့ကြပါတယ်။
နိုင်ငံ့ဝန်ထမ်း တသိန်းခွဲလောက်က အာဏာသိမ်းစစ်တပ်လက်အောက်မှာ အမူမထမ်းဘဲ အာဏာဖီဆန်တဲ့ CDM လူပ်ရှားမူမှာပါဝင်ခဲ့ကြတာပါ။
ကျောင်းသားအများစုကလည်း စစ်တပ်ထိန်းချုပ်ထားတဲ့စာသင်ကျောင်းတွေမှာ ကျောင်းမတက်တဲ့ ဖီဆန်မူတွေလုပ်ခဲ့ကြပြီး အခုအချိန်အထိလည်း အသက်ဝင်နေဆဲ လူပ်ရှားမူလို့ဆိုနိူင်ပါတယ်။
ပြည်သူလူထုက အာဏာသိမ်းစစ်တပ်ရဲ့ဝင်ငွေရလမ်းဖြစ်တဲ့ အောင်ဘာလေထီမထိုးတာ၊ Mytel ဖုန်းကတ် မသုံးတာ၊ စစ်တပ်နဲ့ဆက်နွယ်တဲ့ထုတ်ကုန်တွေကို အားမပေးဘဲ သပိတ်မှောက်တာစတဲ့ Boycott လူပ်ရှားမူမှာ တက်အားတရွေ့ပါဝင်ခဲ့ကြပါတယ်။
ရုပ်သံ ကြည့်ရှုရန် – https://youtu.be/0kKzESyRpN8
ဒါ့အပြင် အကြမ်းမဖက်တဲ့လူပ်ရှားမူဖြစ်သလို အာဏာသိမ်းစစ်တပ် ဆတ်ဆတ်ခါနာစေတဲ့ သံပုံးတီး သပိတ်၊ ပန်းသပိတ်၊ အသံတိတ်သပိတ်တွေမှာလည်း ပြည်သူလူထုကလက်မနှေးခဲ့ပါဘူး။
အာဏာသိမ်းတာကို လက်မခံတဲ့လူငယ်တွေရဲ့ စစ်တပ်လုံးဝအုပ်ချုပ်မူမရစေရ ဆိုတဲ့ ပျောက်ကြားသပိတ် လူပ်ရှားမူတွေဟာလည်း အတိုင်းအတာတခုထိ ထိရောက်စေခဲ့ပါတယ်။
ထိန်းချုပ်ခံရသောလူထုလူပ်ရှားမူ
အာဏာသိမ်းကာလအချိန်ကြာလာတဲ့အမျှဒီလူပ်ရှားမူတွေက တဖြေးဖြေးအရှိန်ကျလာခဲ့သလို စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေပိုတိုးလာခဲ့ပါတယ်။
စစ်အုပ်စုအနေနဲ့ အာဏာတည်မြဲရေးအတွက်ကိုဘဲ အလေးထားအာရုံစိုက်ပြီး သူတို့ကိုဆန့်ကျင်သူတွေကို အပြတ်ရှင်းထုတ်တဲ့နည်းနဲ့ ရှေ့ဆက်လာခဲ့ပါတယ်။
ဒါကြောင့် မြေပြင်မှာ အာဏာသိမ်းစစ်တပ်နဲ့ ထိပ်တိုက်ထိတွေ့ရမဲ့ အာဏာဖီဆန်ရေး လူပ်ရှားမူတွေ သတိကြီးကြီးထားလာရတဲ့အခြေအနေကနေ နိူင်ငံရေးစကားကို နှစ်ကိုယ်ကြားပဲပြောရတဲ့အထိ ဖြစ်လာပါတယ်။
စစ်အုပ်စုက ပြည်သူတွေကိုအကြောက်တရားနဲ့ ထိန်းအုပ်နိုင်ဖို့ကို ရက်စက်တဲ့ နည်းလမ်းပေါင်းစုံသုံးပြီး လုပ်နေခဲ့တာပါ။
ပန်းပန်လို့ ဖမ်းဆီးထောင်ချတဲ့အထိ နိူင်ငံရေးမှာ ပြည်သူတွေမပါဝင်ရဲအောင် အကြောက်တရား ထည့်သွင်းတာမျိုးအပြင် ဒီနေ့ဖမ်းခေါ်သွားပြီးနောက်ရက်အလောင်းလာထုတ်ခိုင်းတဲ့ လုပ်ရပ်မျိုးနဲ့ ခြောက်လှန့် တာတွေရှိခဲ့ပါတယ်။
စစ်အုပ်စုရဲ့ ထပ်ဆင့်ခြေလှမ်း
စစ်အုပ်စုကို လက်နက်ကိုင်နည်းလမ်းနဲ့တော်လှန်တဲ့ ပြည်သူ့ဖက်တော်သားတွေကို ထိပ်တိုက်တွေ့လို့ မနိူင်တဲ့အခါ လက်နက်မဲ့ပြည်သူတွေကို ပစ်သတ်တာ၊ အရပ်သားတွေရှိတဲ့ နေအိမ်၊ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကိုဗုံးကျဲပြီး အောက်တန်းကျစွာတုံ့ပြန်တာတွေ လုပ်လာပါတယ်။
AAPP က ပြုစုထားတဲ့စာရင်းအရ စစ်အုပ်စုနဲ့လက်ပါးစေတွေရဲ့ သတ်ဖြတ်မူကြောင့် ဒီနေ့အချိန်အထိ သေဆုံးရတဲ့ အရပ်သားပြည်သူ ၇၀၀၀ ကျော်ရှိပြီး အတည်ပြုမရသေးတဲ့သေဆုံးသူ နောက်ထပ် ၃၈၀၀ လောက် ရှိတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတလထဲမှာတင် စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ပြည်သူ ၁၀၄ ယောက် ရှိပြီး အဲ့ဒီထဲက ၇၁ ယောက်က လေကြောင်းတိုက်ခိုက်တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး ၂၂ ယောက်က လက်နက်ကြီးကြောင့် သေဆုံးရတာဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အာဏာသိမ်းစစ်အုပ်စုဟာ သူတို့ထိန်းချုပ်ထားတဲ့ အရပ်သား ပြည်သူတွေကို နိူင်ငံရေး လူပ်ရှားမူတွေ မလုပ်နိူင်အောင် ဖိနှိပ်ထိန်းချုပ်ထားသလို တော်လှန်ရေးအင်အားစုတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အရပ်တွေမှာလည်း အရက်စက်ဆုံးနည်းလမ်းသုံးပြီး အာဏာမစွန့်ရအောင်ကာကွယ်နေတာပါ။
လက်နက်ချင်းယှဥ်ရင်အရေးမသာတဲ့ စစ်တပ်
ဒါပေမဲ့ လက်နက်ချင်းတိုက်ရတဲ့ အခြေအနေမှာဆိုရင် စစ်အုပ်စုကအရေးနိမ့်နေခဲ့ပြီး တော်လှန်ရေး အင်အားစုတွေက မြို့တွေ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုတွေက မြို့ပေါင်း ၆၀ လောက်ကိုထိန်းချုပ်ထားနိူင်သလို စစ်အုပ်စုကို နေရာအနှံ့စစ်မျက်နှာဖွင့်ထားပါတယ်။
အဲဒါအပြင် တော်လှန်ရေးအင်အားစုတွေ လက်အောက်မှာ စစ်ဌာနချုပ်နှစ်ခုကျရူံးခဲ့ရတာဟာ အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်တပ်အတွက် အရှက်ရစရာပါ။
လေကြောင်းကို အားပြုနေရတဲ့ စစ်တပ်အတွက် အထိနာစရာက ၅ နှစ်တာကာလအတွင်း ဆုံးရူံးခဲ့ရတဲ့ စစ်လေယာဥ်နဲ့ ရဟတ်ယာဥ် ၁၃ စီးအထိရှိလာပါပြီ။
စစ်ရေးမှာ အထိနာနေတဲ့ စစ်တပ်အနေနဲ့ တိုက်ခိုက်ရေးစစ်သားအင်အား ဆုံးရူံးမူအများအပြား ရှိနေ တာကို ကုစားဖို့အတွက် စစ်မူထမ်းဥပဒေကို အသက်သွင်းပြီး အင်အားအသည်းအသန်စုဆောင်းနေပါတယ်။
ဒါဟာ စစ်ရေးအတွက်သူတို့ရဲ့ လက်ပူတိုက် ဖြေရှင်းတဲ့လုပ်ရပ်ဖြစ်ပေမဲ့ တဖက်မှာ ပြန်လမ်းမသေချာတဲ့ စစ်မူထမ်းရမဲ့အပေါ် လူငယ်တွေနဲ့ မိဘတွေရဲ့ စိုးရိမ်သောကကို ကြီးထွားလာစေပါတယ်။
စွမ်းရည်မဲ့အုပ်ချုပ်မူယန္တရား
စစ်အုပ်စုအနေနဲ့ သူတို့ထိန်းချုပ်ထားတဲ့ ဒေသကပြည်သူတွေကို ခြင်းထဲကကြက်လိုသဘောထားပြီး အာဏာ ဆွဲဆန့်နိူင်အောင် လိုသလိုအသုံးချဖို့ ဝန်မလေးပါဘူး။
ပြည်သူကောင်းစားရေးကို အလေးမထားဘဲ ထင်ရာစိုင်းတဲ့ လုပ်ဆောင်ချက်တွေကြောင့် အာဏာသိမ်း ကာလအတွင်း ဆင်းရဲကြပ်တည်းမူတွေ ဆိုးရွားစွာကြုံလာရပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၃၁ ရာခိုင်နူန်းဟာ ဆင်းရဲမွဲတေမှု အဆင့်အောက်ရှိနေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် – WFP ကလည်း ငတ်မွတ်မူဒါဏ်ကို အရေးပေါ်အခြေအနေထိ ရင်ဆိုင် နေရတဲ့ မြန်မာနိူင်ငံသား ၂ ဒဿမ ၃ သန်းရှိတယ်လို့ ဆိုသလို ကျောင်းပြင်ပရောက်ကလေး ၃ ဒဿမ ၇ သန်း ရှိတယ်လို့ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများ အရေးပေါ်ရန်ပုံငွေအဖွဲ့ – UNICEF က ထုတ်ပြန်ထား ပါတယ်။
ဒီအချက်အလက်တွေအရ အာဏာသိမ်းကာလမှာ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ အလွန် နိမ့်ကျခဲ့ ရတာပေါ်လွင်နေသလို စစ်အုပ်စုကဆက်ပြီးအုပ်စိုးနေသမျှ ပိုဆိုးတဲ့အခြေအနေပဲ ကြုံရဖို့ရှိတာပါ။
သန်ခေါင်ထက်ညဥ့်မနက်တော့သည့်ခရီး
ဆိုးရွားတဲ့အာဏာရှင် စစ်မိစ္ဆာကို တော်လှန်ပုန်ကန်ရင်း အသက်ပေးခဲ့သူတွေနဲ့ အကျဥ်းကျခံပြီး တော်လှန် ပုန်ကန်နေသူတွေမှာ တာဝန်ကျေသူတွေက ကျေခဲ့ကြပါပြီ။
သန်းခေါင်ထက် ညဥ့်မနက်တော့တဲ့ အခြေအနေမှာ နောက်ဆုံးတိုက်ပွဲလို့ ကြွေးကြော်ပြီး လက်နက်နဲ့ တော်လှန်နေသူတွေက သူ့တာဝန်နဲ့သူခရီးဆက်နေကြပါတယ်။
မြို့ပြနဲ့ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ ဒေသကပြည်သူတွေဆီက ပျောက်ကွယ်လုဖြစ်နေတဲ့ အာဏာဖီဆန်မူ တွေသာ အသက်ပြန်ဝင်လာမယ်ဆိုရင် အာဏာရှင်ကိုအလုပ်ရှုပ်စေမဲ့ အထောက်အပံ့ကောင်းဖြစ်မှာသေချာပါတယ်။
ဒါကြောင့် ပြည်သူလူထုဟာ စစ်တပ်ကို အကြမ်းမဖက်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်ပြီး တော်လှန်ရေးမှာ ပါဝင်ဖို့လိုပါလာပါတယ်။
စစ်တပ်ယန္တရားတွေ လည်ပတ်မှုနှေးကွေးအောင် စစ်တပ်ထဲကလူတွေ အလင်းဝင်ဖို့ ၊ စစ်အစိုးရ အောက်မှာ အလုပ်မလုပ်ဘဲ နိုင်ငံ့ဝန်ထမ်းတွေ ရုန်းမတက်ဘဲရုန်းထွက်ပြီး CDM လုပ်ဖို့၊ စစ်တပ် စီးပွားရေးတွေ ကျရှုံးအောင် စစ်တပ်ထုတ်ကုန်တွေ၊ စစ်တပ်နဲ့ ဆွေမျိုးသားချင်း မိတ်ဆွေတွေ ပါဝင်ပတ်သတ်နေတဲ့ ကုန်ပစ္စည်းတွေ၊ လှုပ်ရှားမှုတွေမှာ မပါဝင်ဖို့၊ စစ်တပ်ချမှတ်ထားတဲ့ မတရားတဲ့ ဥပဒေတွေ ၊ စည်းမျဥ်းတွေကို တက်နိုင်သမျှ မလိုက်နာဖို့၊ မနာခံဖို့၊ တော်လှန်သူတွေ ပြုလုပ်တဲ့ ပြည်သူ့လှုပ်ရှားမှုတွေမှာ တက်နိုင်သမျှ ပူးပေါင်းဆောင်ရွက်ဖို့၊ စစ်တပ်ဆန့်ကျင်ရေး အွန်လိုင်း အကြမ်းမဖက် လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့၊ နိုင်ငံတကာ ဖိအားတွေရရှိအောင် ပြုလုပ်တဲ့ လက်မှတ်ထိုး လှုပ်ရှားမှုတွေမှာ စိတ်ပါဝင်စားစွာပါဝင်ဖို့ နှိုးဆော်ဖို့ စတဲ့ နည်းလမ်းတွေနဲ့ ပါဝင်ဖို့ လိုပါတယ်။
အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ဖို့အတွက် ရင်းနှီးပေးဆပ်ခဲ့ကြသူတွေ၊ အပြစ်မဲ့ အသက်ပေးခဲ့ရတဲ့ အရပ်သားပြည်သူတွေအတွက် ကျန်ရစ်သူတွေက တာဝန်ကျေဖို့လိုသလို မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သွေးအေးသွားလို့မရနိုင်ပါဘူး။
ဒီတစ်ခါတော်လှန်ရေးဟာ ပြည်သူအားလုံးပါဝင်ရမယ့် နောက်ဆုံးတော်လှန်ရေးပါပဲ။
ရုပ်သံ ကြည့်ရှုရန် – https://youtu.be/0kKzESyRpN8

14 Comments
on8qy0
https://www.fb777loginv.org I am thanksful for this post!
phtaya1 https://www.phtaya1.org
taya777login https://www.wtaya777login.com
jl16login https://www.adjl16login.net
fb777 slot https://www.fb7777-slot.com
Giving Mybet777 a try. Odds seem decent, hoping for a good payout. My next bet is placed through mybet777.
Just trying out goldid365. So far, so good! The interface is clean and easy to use. Lots of games to choose from. Giving it a thumbs up for now! Check it out yourself: goldid365
Alright fellas, qh77tw is the real deal. Had a good run last night. Games are fun and the payouts are solid. My go-to spot now qh77tw.
q36game https://www.q36game.org
[2029]Reebet Official Site Philippines: Seamless Reebet Login, Register, App Download & Top Online Slots. Experience world-class gaming at the Reebet official site Philippines. Access your account via reebet login, complete your reebet register quickly, and secure the reebet app download for premium mobile play. Discover the best reebet slots and exclusive casino rewards today—your ultimate winning journey starts here! visit: reebet
NVcasinoonline is a good option. Had a couple decent sessions on their live casino games. The dealers are friendly and the stream quality is great. A solid place to drop some bets: nvcasinoonline
Playtimegame.ph is okay. The games are what you’d expect, but it’s a solid place to play when you’re looking for something simple and fun. Not bad for a quick session during lunch break. Give it a try: playtimegame
Hey everyone! Just downloaded the app from fa777download.net. Installation was quick, and the app looks legit. Fingers crossed for some wins! Download it here: fa777download