၁၀၇ ရက် ခရီးလမ်း
ဘာသာပြန်သူ – ဇာခြည်ညိမ်း
အခန်း (၄-က)
ဇူလိုင် ၂၂
ရွေးကောက်ပွဲမတိုင်မီ ၁၀၆ ရက်အလို
စည်းရုံးရေး စပြီ
ဒီနေ့ ညနေမှာ ဒဲလာဝဲလ်မှာ ကျမ မဲဆွယ်စည်းရုံးရေး အခမ်းအနားရှိတယ်။ ဒါပေမယ့် ဒီထက်အရင် လုပ်စရာတွေ ရှိသေးတယ်။
ကျမက အမေရိကန်ပြည်ထောင်စုရဲ့ ဒုသမ္မတ လဲဖြစ်တယ်လေ။ ဒုသမ္မတရဲ့ နေ့စဥ်လုပ်ငန်းတာဝန်တွေ က အမြဲ အပြည့်ရှိနေတာ။ ရုံးတာဝန်ခံ အိုလီဗာ မစ်တယ်လ်စတဒ် က ညနေတိုင်း မနက်ဖြန်အတွက် လုပ်ရမယ့် လုပ်ငန်းတာဝန် အချိန်ဇယားနဲ့ ဖိုင်တွဲတွေကို ကျမအိမ်လာပို့ပေးရတယ်။
အချိန်ဇယားမှာ ကျမသာ မက ဝန်ထမ်းအားလုံး လုပ်ရမယ့် အသေးစိတ် အပြင် ဝန်ထမ်းတွေက ကျမနဲ့ ဘယ်လောက် အကွာမှာ ရပ်ရမယ်၊ ထိုင်ရမယ်၊ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာပါတယ်။ ယုတ်စွအဆုံး ဓါတ်လှေကားထဲဝင်ရင်တောင် ဘယ်သူက ဘယ်နေရာကလိုက်ပါရမယ်ဆိုတာ ဖော်ပြထားတယ်။ ဓါတ်ပုံရိုက်ကူးမယ့် အစီအစဥ်ပါရင်လဲ ဘယ်နေရာမှာ ရိုက်ကူးမယ်၊ ကင်မရာ က ဘယ်နှချက် မီးပွင့်တယ်၊ အုပ်စုနဲ့ ရိုက်မှာလား ၊ တစ်ယောက်တည်းပုံလား ကအစ အသေးစိတ် ရေးမှတ်ထားတယ်။
လုံခြုံရေး ၊ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေက အစ အိမ်ဖြူတော် ဝန်ထမ်းများ၊ သတင်းသမားများ အထိ လူဒါဇင်ပေါင်းများစွာရဲ့ လှုပ်ရှားမှုတွေကို အသေးစိတ် ညွှန်ကြားထားတယ်။ အဲ့သလို အသေးစိတ် များပြားလှတဲ့ လှုပ်ရှားမှုညွှန်ကြားချက်တွေထဲမှာ ကျမရဲ့ အခန်းကဏ္ဍကို “YOU” လို့ စာလုံးမည်းကြီးနဲ့ ဖော်ပြထားတတ်တယ်။
အဲ့ဒီ အချိန်ဇယားမှာ စတဲ့အချိန်က ဘယ်အချိန်ပဲ ဖြစ်ပါစေ ကျမက အနည်းဆုံး နှစ်နာရီ စောပြီး အိပ်ယာထရပါတယ်။ ယောင်္ကျားတစ်ယောက်က အိပ်ယာထတာနဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မုတ်ဆိတ်ကျင်စွယ်ရိတ် ၊ ခေါင်းဖြီး ပြီး တပုံစံတည်းချုပ်ထားတဲ့ အပြာရောင် အနောက်တိုင်းဝတ်စုံများစွာအနက်က တစ်ထည်လောက် ကောက်စွပ်လိုက်ရုံပါပဲ။
လူရှေ့ထွက်ရတဲ့ အမျိုးသမီးကျတော့ သိတဲ့အတိုင်း ကျမတို့က အချိန်ပိုလိုတယ်လေ။ မိန်းမတွေက ဆံပင်ပြင်ချိန်၊ မိတ်ကပ်လိမ်းချိန် ၊ များမြောင်လှတဲ့ လက်ဝတ်တန်ဆာ ၊ အသုံးအဆောင်တွေ ရွေးချယ်ဝတ်ဆင် ပြုပြင်ရတဲ့အပြင် ဝတ်စုံတစ်စုံကို ထပ်ခါထပ်ခါ မဝတ်မိအောင် သတိထားရတာပါသေးတယ်။ ကျမအတွက်ကတော့ ဘောင်းဘီရှည်နဲ့ ဝတ်စုံက လက်တွေ့အကျဆုံးပဲ။
ဓါတ်ပုံတဖြတ်ဖြတ်ရိုက်နေတဲ့ကြားက ကားတွေပေါ် တက်လိုက်ဆင်းလိုက် ၊ လေတိုက်နေတဲ့ကြားက လှေကားထစ်တွေ တက်ရ ဆင်းရ လုပ်ရတဲ့အခါ အမြင်မတင့်တယ်တာ မဖြစ်ရလေအောင် ရွေးရတာပဲ။ ဘယ်လောက်ပဲ ခေတ်ရှေ့ရောက်လာပြီဆိုဆို အမျိုးသမီးတွေကတော့ အပြင်အဆင်တွေနဲ့ပတ်သက်ရင် အမြဲ စောင့်ကြည့်ဝေဖန်ခံနေရတုန်းပါပဲ။
ဝတ်တာစားတာ ဂရုမစိုက်ပြန်ရင်လဲ ပုံတုံးကြီး ၊ ဒိတ်အောက်နေပြီလို့ အဆိုခံမှာ ဖြစ်သလို သိပ်ဂရုစိုက်လွန်းပြန်ရင်လဲ အလှပဲပြင်နေပြီး အရည်အချင်းမပြည့်တဲ့ သူလို့ သမုတ်ခံရနိုင်တယ်။ နိုင်ငံတော် လုံခြုံရေး တို့ ဘီလီယံချီတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ညှိနှိုင်းမှုတို့လို ဘယ်လောက်ပဲ အရေးကြီးတဲ့ကိစ္စပဲဖြစ်ဖြစ် အမျိုးသမီးတွေကို စကားပြောတဲ့အသံ၊ ရီသံတွေကအစ အသေးစိတ် စောင့်ကြည့် မှတ်ချက်ပြုကြတယ်။
ကျမမှာ အိပ်ချိန် မရှိသလောက်ပဲ။
အမေရိကမှာ ဘယ်သူမဆို သမ္မတဖြစ်နိုင်တယ် လို့ ဆိုရိုးရှိတယ်။ ဒါပေမယ့် လူအများစုကတော့ သူတို့ သမ္မတဖြစ်နိုင်တယ် လို့ မထင်ကြပါဘူး။
ကျမကရော…. ငယ်ငယ်က သမ္မတ ဖြစ်ချင်ခဲ့သူလား လို့မေးရင် “နိုးပါ “ လို့ ဖြေရမယ်။
အမေကတော့ ကျမ ဖြစ်ချင်တာ ဘာမဆို ဖြစ်နိုင်တယ်လို့ ပြောတယ်။ ကျမလဲ အမေပြောတာ ယုံပါတယ်။ ဒါပေမယ့် သမ္မတ ကတော့ ကျမ ဖြစ်ချင်တဲ့ စာရင်းမှာမပါဘူး။ ဝန်ခံရရင် ကျမ အထက်လွှတ်တော် အမတ် ဖြစ်တဲ့အထိ သမ္မတ ဆိုတာကို စိတ်ကူးထဲတောင်မရှိခဲ့ဘူး။ ကျမကို လာလှုပ်နှိုးတာ မှတ်ချက်တစ်ခုပါ။
စနေ၊ တနင်္ဂနွေ ပိတ်ရက်တစ်ခုမှာ ဒေါ့ ရယ် ကျမ ရယ် လော့စ်အိန်ဂျယ်လိစ်က အိမ်မှာရှိနေကြတုန်း အိမ်နားက လူကြိုက်များတဲ့ စားသောက်ဆိုင်တစ်ခုမှာ မနက်စာသွားစားဖြစ်ကြတယ်။ ကျမတို့စားနေတုန်း နိုင်ငံရေး သုံးသပ်သူ လောရင့်စ် အိုဒေါနယ် ကဆိုင်ထဲဝင်လာတယ်။
ကျမတို့ကို မြင်တော့ ကျမတို့ စားပွဲကို လျှောက်လာပြီး ထရမ့်ရဲ့ သမ္မတသက်တမ်း ဒုတိယအကြိမ်သာဆို အခြေအနေ တော်တော်ဆိုးနိုင်တယ် ဆိုတဲ့အကြောင်း ပြောနေကြရင်း “ခင်ဗျား သမ္မတ ဝင်အရွေးခံဖို့ကောင်းတယ်” လို့ ပြောသွားတယ်။ အဲဒီအချိန်အထိ ကျမမှာ သမ္မတဖြစ်ချင်တဲ့ စိတ်ကူးတစွန်းတစတောင် မရှိသေးတာ ဝန်ခံပါတယ်။ နောက်ပိုင်းတော့ ကျမအတွေးထဲ ခဏခဏ ဝင်လာတတ်တယ်။ ၂၀၁၉ ပါတီတွင်း သမ္မတလောင်းရွေးချယ်ပွဲ လုပ်ကြတော့ ကျမက ဒုတိယ ထောက်ခံမဲ အများဆုံးရတဲ့အတွက် ဒုသမ္မတ ဖြစ်လာခဲ့တာပဲ။
ခုတော့ အမေရိကမှာ သမ္မတဖြစ်လာနိုင်ခြေရှိဖို့ဆိုရင် အရင်ဆုံး ဒုသမ္မတဖြစ်ရမယ် ဆိုတာ နားလည်လာခဲ့ပြီ။ ကျမဟာ သမ္မတနဲ့ အနီးကပ်ဆုံးနေရာမှာ သုံးနှစ်ခွဲလုံးလုံးရှိနေခဲ့တယ်။
ဒီအလုပ်အကြောင်း ကျမ ကောင်းကောင်းသိတယ်၊ လုပ်လဲ လုပ်နိုင်တယ်။ လုပ်လဲလုပ်ချင်တယ်။ ကျမ ဒီတာဝန်ကို ယူချင်ပါတယ်။ကျမ ပြည်သူတွေကို ဘေးကင်းလုံခြုံအောင် လုပ်ပေးချင်တယ်။ တိုးတက် စည်ပင်အောင် ဆောင်ကျဥ်းပေးချင်တယ်။ ကျမအတွက်တော့ အဲဒါတွေကသာ အဓိကပါပဲ။
ကျမ အမေက ညီမလေးကို စောင့်ရှောက်နော်လို့ ပြောလိုက်ကတည်းက ကျမအလုပ်ဟာ ကာကွယ်ပေးသူပါ။ တရားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်တော့လဲ အားနည်းတဲ့ ပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို လိင်အမြတ်ထုတ်ကြသူတွေရဲ့ ရန်က အကာအကွယ်ပေးရပါတယ်။
ကယ်လီဖိုးနီးယားရဲ့ ရှေ့နေချုပ်အဖြစ် ကျမတို့ ပြည်နယ်ကို ရာဇဝတ်ဂိုဏ်းတွေ၊ အမြတ်ကြီးစား အရင်းရှင် ဘဏ်တွေရဲ့ လက်ကနေ အိမ်ပိုင်ရှင်တွေကို အကာအကွယ်ပေးရသလို အမေရိကရဲ့ ဒုတိယ အကြီးဆုံး တရားရေးဌာနရဲ့ ရာဇဝတ်မှုခင်းဆိုင်ရာ အချက်အလက်တွေကို သတင်းသမားတွေ၊ သုတေသီတွေ လွယ်လင့်တကူ ရယူနိုင်ဖို့ လမ်းဖွင့်ပေးနိုင်ခဲ့တဲ့အတွက် ကျမတို့ တရားရေးစနစ် ပွင့်လင်းမြင်သာမှု ၊ထိရောက်မှုတို့ကို စမ်းသပ်ခွင့်ရစေခဲ့တယ်။
အထက်လွှတ်တော်မှာလဲ အများပိုင်ဘဏ်ကလေးတွေ ထောက်ပံ့ငွေရရင် စီးပွားရေးလုပ်ငန်းငယ်တွေ အထောက်အကူဖြစ်မှာမို့ ဦးစားပေး လုပ်ခဲ့တယ်။ အိမ်ဖြူတော်ရောက်တော့လဲ ကျမ အလေးထားတဲ့ ကိစ္စရပ်တွေကို ပိုလို့ လုပ်နိုင်လာတယ်။ အသေးစား စီးပွားရေးလုပ်ငန်းများ၊ စိတ်ကျန်းမာရေး၊ မိခင်နဲ့ ကလေး ကျန်းမာရေး၊ ကလေးသူငယ် ဆင်းရဲမွဲတေမှု၊ ရာသီဥတု ပြောင်းလဲမှု၊ အခြေခံအဆောက်အအုံများ၊ အပြည်ပြည်ဆိုင်ရာ မဟာမိတ် ချစ်ကြည်ရေး စတာတွေအများကြီးပါပဲ။
သမ္မတတစ်ယောက်အနေနဲ့ ဒီထက် အများကြီး ပိုလုပ်နိုင်မှာပါ။ Gen Z လေးတွေ အကြီးမြတ်ဆုံး မျိုးဆက်အဖြစ် ဖြစ်ထွန်းလာစေဖို့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ လုပ်ပေးချင်ခဲ့တယ်။ ဒီနိုင်ငံရဲ့ ကြီးကျယ်လှတဲ့ ဖန်တီးနိုင်စွမ်းအားတွေကို ပျိုးထောင်ပေးနိုင်တဲ့ ယဥ်ကျေးမှု ဌာနတစ်ခု ထူထောင်ချင်ခဲ့တယ်။ ကျမ တို့ရဲ့ အလုပ်သမားလူတန်းစားအပေါ် ရှုမြင်ပုံကို ပြောင်းပစ်ချင်ခဲ့တာ။
တစ်ဦးချင်းစီရဲ့ အရည်အချင်းနဲ့ အညီ အလုပ်နေရာရစေဖို့ တက္ကသိုလ်ဘွဲ့ရ မဟုတ်ပေမယ့် အရည်အချင်းရှိတဲ့ လူတွေ အစိုးရ ဝန်ထမ်းအဖြစ် သင့်လျော်ရာနေရာမှာ လုပ်ကိုင်ခွင့် ရစေဖို့ မျှော်မှန်းခဲ့တယ်။ ကျမ လုပ်ချင်တဲ့ အလုပ်အားလုံးဟာ ဂုဏ်သိက္ခာ၊ မျှတမှုနဲ့ အခွင့်အလမ်းဆိုတဲ့ အခြေခံ စံတန်ဖိုးတွေပေါ် ခိုင်ခိုင်မာမာ မူတည်ပါတယ်။
ကျမရဲ့ အတွေးတွေဟာ မျှော်လင့်ချက်ရောင်ခြည်တွေ ပြည့်လျှမ်းနေတဲ့ မိုးကုတ်စက်ဝိုင်းကနေ စိတ်ညစ်ညူးစရာတွေပြည့်နှက်နေတဲ့ လုပ်ငန်းကိုင်ငန်း အစီအစဥ်တွေဆီ ရောက်လာပြန်တယ်။ မနက် ၆ နာရီဆို အိပ်ယာထပြီး သတင်းကြည့်ရင်း လေ့ကျင့်ခန်းစက်ပေါ်မှာ လေ့ကျင့်ခန်းလုပ်တယ်။
မနေ့က ကြိုးစားပမ်းစား လုပ်ခဲ့တဲ့ အသီးအပွင့်တွေ ဒီနေ့စမြင်ရပြီ။ AP သတင်းဌာနက သမ္မတလောင်း ဖြစ်ဖို့ အလားအလာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တမ်းကောက်ပြီး ကျမက သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ပါတီတွင်း ထောက်ခံမှု အများဆုံးရရှိထားသူဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ ဒါပေမယ့် တရားဝင် သမ္မတလောင်းဖြစ်ဖို့က ပါတီတွင်း ညီလာခံခေါ်ပြီး ပြည်နယ်အလိုက် ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ရမှာ ဖြစ်တဲ့အတွက် နောက်ထပ် ၁၄ ရက်လောက် ကြာဦးမယ်။
ထရမ့်တို့ဖက်ကတော့ ကျမ ကိုအနိုင်ရဖို့က ဘိုင်ဒင်နဲ့ထက်တောင် လွယ်ဦးမယ်၊ ကျမက အရမ်းလက်ဝဲရောက်လွန်းတယ် “အန္တရာယ်ရှိတဲ့ ဆန်ဖရန်စစ္စကို အစွန်းရောက်” လို့ ထုတ်ပြန်ကြတယ်။
ဒါပေမယ့် သူ့ အတွင်းစည်းက ထွက်လာတဲ့ သတင်းတွေက ပြောင်းပြန်ပါပဲ။ နေ့လယ်ဘက်မှာ ထရမ့်က သူ့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာဖြစ်တဲ့ Truth ကနေ “သူတို့ (ဒီမိုကရက်) တွေက ငါတို့ ရီပက်ဘလစ်ကန်တွေကို လမ်းလွှဲကြတယ် ။ ငါတို့ရဲ့ အချိန်တွေ ၊ ငွေတွေ အလကား ဖြုန်းတီးစေတယ်” လို့ ဂျိုး နှုတ်ထွက်တဲ့အတွက် ဂျိုးကို တိုက်ခိုက်ဖို့ ပြင်ဆင်ထားရတဲ့ ဗျူဟာတွေ၊ အစီအစဥ်တွေ အလဟဿ ဖြစ်ကုန်တဲ့အကြောင်း ဆိုတယ်။
စကားရည်လုပွဲအပြီး ၊ ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားမှု ဖြစ်ပွားပြီးနောက်ပိုင်း ရီပက်ဘလစ်ကန်တွေက သူတို့တော့ လမ်းမှန်ကို အရှိန်မှန်မှန်နဲ့ ချီတက်နေကြပြီလို့ ထင်နေကြတာ။ အခုလို အခြေအနေ ပြောင်းသွားတဲ့အတွက် သူတို့ရဲ့ ဗျူဟာတွေ ၊ နည်းပရိယာယ် တွေကို ပြန်လည်သုံးသပ် ပြင်ဆင်ရတော့မယ်။
မနက်စာ စားကြတော့ ညက ညဥ့်နက်မှ ပြန်ရောက်လာတဲ့ မာယာကို တွေ့ရတယ်။ သူကတော့ စိတ်လှုပ်ရှားနေလေရဲ့။ ညီမလေးဟာ ကျမရဲ့ မဲဆွယ်စည်းရုံးရေးတိုင်းမှာ ဘေးက ရှိနေပေးခဲ့သူပါ။ သူ ACLU (အမေရိကန် ပြည်သူ့အခွင့်အရေးဆိုင်ရာ သမဂ္ဂ) ရဲ့ ဥက္ကဌ ဖြစ်သလို အမျိုးသမီး မဲဆန္ဒရှင်များ အဖွဲ့ချုပ် နဲ့ ဖို့ဒ် ပရဟိတ ဖောင်ဒေးရှင်း မှာလဲ အကြီးအကဲအဖြစ် အလုပ်များလှပေမယ့် ကျမ မဲဆွယ်စည်းရုံးရေးတိုင်းမှာ ရောက်အောင် လာပေးတတ်သူ ဖြစ်ပါတယ်။
သူက လက်တွေ့ကျတယ်။ ဒီအပြောင်းအလဲဟာ ကျမ ရဲ့ မိသားစုနဲ့ ကျမအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်နိုင်တယ်ဆိုတာ ကောင်းကောင်းတွေးဆနိုင်သူပါ။ ကျမ ဘယ်လောက် လုပ်နိုင်တယ်၊ ဘာ့ကြောင့် သမ္မတ ဖြစ်ချင်တယ် ဆိုတာကိုလဲ သူကောင်းကောင်းသိပါတယ်။ ကျမနဲ့ တူတူ ကြီးပြင်းလာကြပြီး ၊ တန်ဖိုးထားမှုတွေ ရည်ရွယ်ချက်တွေ တူညီကြတဲ့ သွေးသားရင်းချာ ညီမမျိုးကသာ ကျမ ဘာတွေ ခံစားနေရတယ် ဆိုတာ သေချာ နားလည်နိုင်မှာပါ။
ကျမက အဖွဲ့ဝင်တွေနဲ့ အိမ်ဖြူတော်မှာ ပြုလုပ်မယ့် အခမ်းအနားအကြောင်း ပြန်တိုင်ပင်ကြတယ်။ ပြီးတော့ ညနေ ဒဲလာဝဲလ်မှာ လုပ်မယ့် အခမ်းအနားကနေ ဘာတွေ မျှော်လင့်ထားတယ် ဆိုတာ ပြောတယ်။ တချို့က သမ္မတလောင်း အဖြစ်အတည်ပြုကြေညာတဲ့ ပထမဆုံးပွဲကို ဗေးလ်နီးယားမှာ လုပ်သင့်တယ် လို့အကြံပေးကြပေမယ့် ကျမက ငြင်းတယ်။
“ဝဲလ်မင်တန်မှာ ဒီအတွက် လနဲ့ချီပြီး အချိန်ပေး အားစိုက်လုပ်နေတဲ့ လူတွေအများကြီးရှိတယ်။ သူတို့ စိတ်မကောင်းဖြစ်ကြမှာပေါ့။ ကျမ သူတို့နဲ့ အရင်တွေ့ရမယ်”
ကျမ အိုဘားမားရဲ့ ၂၀၀၈ မဲဆွယ်စည်းရုံးရေးကို ဦးဆောင်ခဲ့တဲ့ ဒေးဗစ် ပလောဖ် ဆီ ဖုန်းဆက်တယ်။ သူက လိုရင်းအချက်ကိုပဲ တန်းပြောတယ်။ ကျမ မှတ်စုမှာ ရေးမှတ်ထားတာက
“ကျနော့်မှာ လက်တလော မြေပြင်သတင်းအချက်အလက် အတိအကျတော့မရှိဘူး။ ဒါပေမယ့် ထရမ့်က ၂၀၁၆ ကထက် ၂၀၂၀ မှာ ပိုအားကောင်းလာတယ် ဆိုတာ ကျနော်သေချာသိတယ်။ လုပ်ကြံခံလိုက်ရတဲ့အတွက် သူ့ကို အားပေးသူ ၂၀ ရာခိုင်နှုန်း ပိုတိုးလာတယ်။ သူ့ထောက်ခံသူ အရေအတွက် ဘယ်လောက်ရှိတယ် လို့ ခင်ဗျားတွက်ထား တွက်ထား၊ နောက်ထပ် ၁၀ ရာခိုင်နှုန်းထပ်ပေါင်းလိုက်။ ဘယ်သူကပဲ မီဒီယာကို ကြည့်လို့ ပြောပြော မယုံနဲ့။ စွန့်စားသင့်တဲ့ အချိန် စွန့်စားဖို့ မကြောက်နဲ့။ တစ်တော့ခ် ၊ ပေါ့ကဒ်စ် သုံးဖို့ အရေးကြီးတယ်။ လုံးဝ လျော့ပေး လို့မရတာ ၄ ခုရှိတယ်။ သမ္မတလောင်း အမည်စာရင်း ကြေညာချိန် ၊ ပထမဆုံး မီဒီယာအင်တာဗျူး၊ ပါတီညီလာခံ၊ စကားရည်လုပွဲ – အဲဒီအခိုက်အတန့်တွေကို အမိအရ ယူ ၊ ကြားထဲမှာ ပေါ်လာမယ့် အတိုက်အခိုက်လေးတွေအတွက် အချိန်ကုန်မခံနဲ့”
မနက် ၁၀ နာရီ ၃၀ မှာတော့ အိမ်ဖြူတော်ကို လုံခြုံရေးယာဥ်တန်းနဲ့ ထွက်ခဲ့တယ်။ အဲဒီနေ့က တက္ကသိုလ် ကျောင်းသား အားကစားပွဲနေ့ပါ။ ထောင်နဲ့ချီတဲ့ ကျောင်းသားတွေဟာ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင် မှာ ၂၀၂၃-၂၀၂၄ ခုနှစ် နိုင်ငံတော် အဆင့် တက္ကသိုလ်ကျောင်းသား အားကစားအဖွဲ့ကြီးက (National Collegiate Athletic Association) ကြီးမှူးကျင်းပတဲ့ အားကစားပြိုင်ပွဲ အသီးသီးက အနိုင်ရဗိုလ်စွဲခဲ့ကြတဲ့ ချန်ပီယံတွေကို အိမ်ဖြူတော်က ဂုဏ်ပြုတဲ့ပွဲအတွက် စုဝေးရောက်ရှိ စောင့်ဆိုင်းနေကြတယ်။
သမ္မတကြီးက ကိုဗစ်ဖြစ်နေတဲ့အတွက် ကျမကို ကိုယ်စားတက်ရောက် ချီးမြှင့်ပေးဖို့ တာဝန်ပေးထားပါတယ်။ အခုအချိန်မှာ အဲ့ဒီလို အခမ်းအနားကြီးတွေနဲ့ ပြောရမယ့်စကားတွေဟာ အရေးကြီးတဲ့အတွက် လိုအပ်သလို ပြင်ဆင်မှုတွေ လုပ်ရပါတယ်။ ကျမက အဲဒီအချိန်အခိုက်အတန့်ရဲ့ အရေးကြီးမှုကို နားလည်သလို သမ္မတကြီးရဲ့ စွမ်းဆောင်မှုတွေကို အလေးတယူ ဂုဏ်ပြုဖို့ ဘယ်လောက် အရေးကြီးကြောင်းလဲ နားလည်ပါတယ်။
စကားပြောစင်မြင့်မှာ နေရာယူလိုက်ပြီး မြက်ခင်းပြင်တလျှောက် နေရာယူထားကြတဲ့ လူငယ်အားကစားသမားများရဲ့ တက်ကြွလန်းဆန်းနေတဲ့ မျက်နှာတွေကို လိုက်ကြည့်မိတယ်။ သူတို့ရဲ့ တက်ကြွမှုတွေက ကျမကို ကူးစက်လာတယ်။ ကျမက သမ္မတကြီးဟာ ကိုဗစ် ကြောင့် အနားယူနေရတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက် ဂုဏ်မပြုနိုင်တာ စိတ်မကောင်းဖြစ်နေကြောင်း သူ့ရဲ့ သမ္မတသက်တမ်း တစ်ဆက်အတွင်းမှာ အခြားသမ္မတတွေ သက်တမ်းနှစ်ဆက်အတွင်း လုပ်ခဲ့တာထက် ပိုပြီး လုပ်ပြနိုင်ခဲ့ကြောင်း ပြောပါတယ်။ ကျမက ဂျိုးဘိုင်ဒင်ကို သူ့ရဲ့သား ဘိုကနေတဆင့် သိကျွမ်းခဲ့ရတာဖြစ်ကြောင်း ပြောဖြစ်တယ်။
ဘိုနဲ့ ကျမ တို့က နှစ်ယောက်လုံး ပြည်နယ် ရှေ့နေချုပ်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သူတွေပါ။ ကျမက ကယ်လီဖိုးနီးယားပြည်နယ် မှာ သူက ဒဲလာဝဲမှာပါ။ ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်တဲ့အခါ ဘဏ်ကြီးတွေက ငွေချေးထားသူတွေကို ဖိအားပေး ပစ္စည်းတွေ၊ အိမ်တွေသိမ်းတာကို သူက ကျမနဲ့အတူ ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဘဏ်တွေက ချေးငွေစာချုပ် ညှိနှိုင်းမှုတွေ လုပ်တာ မမျှတဘူး ၊ လုပ်ထုံးလုပ်နည်းတွေက ပြည်သူတွေကို အထိနာစေတယ် လို့ ကျမက ယုံကြည်တဲ့အတွက် ပြည်နယ်အဆင့် ညှိနှိုင်းမှုတွေကနေ ကျမတို့ ကယ်လီဖိုးနီးယားက နှုတ်ထွက်လိုက်ပါတယ်။
ဒဲလာဝဲလ်မှာတော့ ကျမတို့ ပြည်နယ်လောက် အခက်တွေ့ရသူ အရေအတွက်မများပါဘူး။ ဒါပေမယ့် သူတို့ပေးရမယ့် လျော်ကြေးတွေ အပြည့်မပေးပဲ ခေါင်းရှောင်ထွက်ချင်တဲ့ ဘဏ်အတော်များများ ရှိနေပါတယ်။ နိုင်ငံရေး သတ္တိနဲ့ မူဝါဒ ခိုင်မာတဲ့ ဘိုဟာ ကျမနဲ့အတူ ရပ်တည်ပြီး ဘဏ်ကြီးတွေကို ရင်ဆိုင်ပါတယ်။ နောက်တော့ ကယ်လီဖိုးနီးယားက နစ်နာသူတွေအတွက် ဘဏ်တွေဆီက ဒေါ်လာ ၂၀ ဘီလီယံ ရခဲ့တယ်။ ဘိုရဲ့ သတ္တိနဲ့ ရပ်တည်ချက် ကို အမြဲ လေးစားနေခဲ့ပါတယ်။
ဘိုနဲ့ ကျမဟာ မကြာခဏ စကားပြောဖြစ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး မှတ်စုတွေ အပြန်အလှန် ဆွေးနွေးကြရင်း ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်လာကြတယ်။ ဦးနှောက်ကင်ဆာနဲ့ ဘို ကွယ်လွန်သွားတော့ ဘိုနဲ့ ခင်မင်ရင်းနှီးခဲ့ကြသူတွေ ၊ သူ့ရဲ့ ကိုယ်ကျင့်တရားနဲ့ လုပ်ရည်ကိုင်ရည်ကို လေးစားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဘို့မိသားစုအတွက်ရော ၊ အမေရိကန် ပြည်ထောင်စုအတွက်ပါ နှမြောတသ စိတ်မကောင်းဖြစ်ကြရတယ်။ သူ့ နာရေးကို နိုင်ငံရဲ့ အခြားတဖက်စွန်း အဝေးကြီးကနေ ကျမရောက်အောင် သွားခဲ့ပါတယ်။
ဘိုက အမြဲတမ်း သူ့အဖေ အကြောင်းပြောပြတတ်တယ်။ သူ့အဖေရဲ့ သမာဓိ နဲ့ ညဏ်ပညာ၊ စိတ်ပိုင်းဖြတ်နိုင်မှုတွေအပေါ် ဂုဏ်ယူတတ်တယ်။ ကျမ ဟာ တက်ရောက်လာတဲ့ လူငယ်ထုကို ဂျိုးရဲ့ နိုင်ငံတော်အပေါ် အလုပ်အကျွေးပြုမှု ၊ ညဏ်ပညာတို့အကြောင်း ကျေးဇူးတင်စွာ ပြန်ပြောပြမိတယ်။ ပြီးမှာ ကျမ ပြင်ဆင်လာတဲ့ မိန့်ခွန်းကို ဖတ်ကြားတဲ့အခါ လူငယ်အားကစားသမားများရဲ့ အောင်မြင်မှုတွေကို အထူးတလည် ထည့်သွင်း ချီးကျူးခဲ့ပါတယ်။
စင်မြင့်ပေါ်က ပြန်ဆင်းလာတော့ တီးဝိုင်းက Queen ရဲ့ ငါတို့ဟာ ချန်ပီယံတွေ၊ သူငယ်ချင်းတို့ …. ငါတို့ဟာ အဆုံးထိ တိုက်ပွဲဝင်သူတွေ ၊ အရှုံးသမားတွေအတွက် အချိန်မရှိ ဆိုတဲ့ စာသားပါ သီချင်းကို တီးမှုတ်လိုက်ကြတယ်။ ထရမ့်ရဲ့ နာမည်က မဲစာရင်းမှာ ထိပ်ဆုံးက ပါနေတယ်။ သူတို့ပါတီက ရေးဆွဲထားတဲ့ စီမံကိန်း ၂၀၂၅ မှာ လွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်နေတဲ့ အစီအမံတွေ အများကြီးပါနေတယ်။ ဒီအချိန်ဟာ တိုက်ပွဲချိန်ပါပဲ။ ရှုံးနိမ့်ဖို့ အချိန်မရှိဘူး။ ရွေးကောက်ပွဲ ကျင်းပဖို့ ၁၀၆ ရက်ပဲလိုတော့တယ်။
ပြီးခဲ့တဲ့ ရာစုနှစ်ဝက်လောက် နိုင်ငံရေးစင်မြင့်ပေါ်မှာ အားလုံးမျက်မှန်းတမ်း ကျွမ်းဝင်နေကြတဲ့ အသက် ၈၁ နှစ်အရွယ် နိုင်ငံရေးသမားကြီး ရဲ့ မဲဆွယ်စည်းရုံးရေး ကနေ မဲပေးသူတော်တော်များများ သေချာ မသိကြသေးတဲ့ အမျိုးသမီးတစ်ယောက် ၊ သူ့ထက် ရာစုနှစ် လေးပုံတစ်ပုံလောက်နောက်ကျပြီး မွေးဖွားလာခဲ့သူ၊ လုံးဝ ဆန့်ကျင်ဘက် နောက်ခံမိသားစု အခြေအနေ ၊ အတွေ့အကြုံတွေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မဲဆွယ်စည်းရုံးရေးအဖြစ် ပြောင်းလဲလိုက်ရတယ်။
ဂျိုးအတွက် ရည်စူးပြင်ဆင်ထားတဲ့ ညီလာခံကို နောက်ထပ် လုံးဝကွဲလွဲနေတဲ့ သမ္မတလောင်းတစ်ယောက်အတွက် ပြန်လည် စီမံရတယ်။ ဒု သမ္မတလောင်းတစ်ယောက်ကို စိစစ်ရွေးချယ်ဖို့ အချိန် ရက်သတ္တနှစ်ပတ် ပဲရတယ်။ ဒါက မဲဆွယ်စည်းရုံးရေးအတွက်သာမဟုတ်ဘူး အစိုးရတစ်ရပ်အဖြစ် အောင်မြင်စွာ အုပ်ချုပ်နိုင်ဖို့ အရေးပါတဲ့ ကိစ္စလဲ ဖြစ်ပါတယ်။
ခေတ်သစ် သမ္မတ ရွေးကောက်ပွဲသမိုင်းမှာ အချိန်အတိုဆုံး မဲဆွယ်စည်းရုံးရေး ဖြစ်ပါလိမ့်မယ်။ သမ္မတလောင်းတစ်ယောက်ရဲ့ စီမံချက်တွေ၊ မူဝါဒတွေ၊ စံ တန်ဖိုးတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို တစ်နှစ် ၊ နှစ်နှစ်လောက် အချိန်ယူပြီး အကဲဖြတ်ကျတဲ့ အမေရိက လိုနိုင်ငံတစ်ခုအတွက် ၁၀၆ ရက်ဆိုတာ အင်မတန် တိုတောင်းတဲ့အချိန်ပါ။ ထရမ့်တာဝါ စက်လှေကားကနေ ဆင်းလာတဲ့ ၂၀၁၅ ခုနှစ်ကတည်း ဆယ်နှစ်နီးပါး အချိန်ယူပြီး မဲဆွယ်စည်းရုံးနေခဲ့တဲ့ လူတစ်ယောက်နဲ့ ယှဥ်ပြိုင်ရမယ့် ပွဲလဲဖြစ်ပါတယ်။
ယခင်အပိုင်းများ ဖတ်ရှုရန် –
အပိုင်း ၁ – https://spacetd.com/107-days-1_zarchinyeinn
အပိုင်း ၂ – https://spacetd.com/107-days-2_zarchinyeinn
အပိုင်း ၃ (က) – https://spacetd.com/107-days-3_zarchinyeinn
အပိုင်း ၃ (ခ) – https://spacetd.com/107-days-3-2_zarchinyeinn/

17 Comments
unlocker.ai – The Ultimate AI Tool for Bypassing Restrictions and Unlocking Content Seamlessly!
https://www.elpesomaxfun.com I am thanksful for this post!
https://www.2jili.org I am thanksful for this post!
balato88 https://www.balato88u.com
a45com https://www.a45com.org
okebet3 https://www.okebet3u.org
pin77 app https://www.pin77.tech
phtaya1 https://www.phtaya1.org
okbet15 https://www.okbet15.org
gkbet https://www.gkbeth.org
Alright gamers, ce88game is where its at The selection of games is insane and the payouts are legit Been playing for a while and never had an issue Give it a try ce88game
Guys, you gotta try hipsph88 Its got a great vibe and the games are top-notch The community is awesome too I’ve made some friends there Its my go-to spot now hipsph88
Hey everyone, gamewin55club is seriously impressive Great selection of games, smooth interface, and overall a solid experience If you’re looking for a new place to game, this is it gamewin55club
365jili https://www.my365jili.net
solaireonline https://www.lesolaireonline.com
62jl https://www.it62jl.org
[7651]abc999 Casino Online México: Iniciar Sesión, Registro y Bonos Disfruta de abc999 Casino Online México. Regístrate, inicia sesión y obtén bonos exclusivos. Vive la mejor experiencia en apuestas y juegos de azar con abc999. visit: abc999