ယနေ့မှစ ထိုင်းတစ်နိုင်ငံတည်းမှာသာ အသုံးပြုခွင့်ရမည့် မြန်မာနိုင်ငံကူးလက်မှတ်ကိုသာ ထုတ်ပေးမည်

ယနေ့မှစ ထိုင်းတစ်နိုင်ငံတည်းမှာသာ အသုံးပြုခွင့်ရမည့် မြန်မာနိုင်ငံကူးလက်မှတ်ကိုသာ ထုတ်ပေးမည်

Sep 25, 2025

စက်တင်ဘာ 24 ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို ထိုင်းတစ်နိုင်ငံထဲမှာပဲ အသုံးပြုခွင့်ရတော့မယ်လို့ ဒီကနေ့ စက်တင်ဘာ 24 မှာသတင်းများ ထွက်ပေါ်လာပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာကို ထိုင်းနိုင်ငံအတွင်း ပြုလုပ်မယ်ဆိုရင် အခြားနိုင်ငံတွေကို သွားရောက်ခွင့်ပြုမှာမဟုတ်တဲ့အကြောင်းကို နိုင်ငံကူးလက်မှတ်မှာ တရားဝင် တံဆိပ်တုံး ရိုက်နှိပ်ပေးလိုက်တာပါ။ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ရွှေ့ပြောင်းအလုပ်သမား ကတ် (ပန်းရောင်ကတ်) နှင့် ထိုင်းနိုင်ငံအတွင်းမှာနေထိုငိဖို့ ထုတ်ပေးထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာ (Certificate of Identity – CI) ကတ်တွေကို အဓိက ကိုင်ဆောင်

Read More