မြစ်ကြီးနားမြို့ စိုးရိမ်ရေမှတ်ရောက်ရှိရန် နှစ် လက်မသာလို
Uncategorized

မြစ်ကြီးနားမြို့ စိုးရိမ်ရေမှတ်ရောက်ရှိရန် နှစ် လက်မသာလို

Jun 1, 2025

ဇွန် ၂

ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိဖို့ နှစ်လက်မသာလိုတော့တယ်လို့ မြစ်ကြီးနား မိုးဇလဌာနမှ ဦးနိုင်လင်းထွေးက ၎င်းရဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာမှာ ဇွန် ၂ ရက် မနက် ၃ နာရီခန့်က တင်ပြခဲ့ပါတယ်။

ဇွန် ၂ ရက် မနက် နှစ်နာရီခွဲအချိန်တိုင်းတာချက်အရ ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာသို့ ရောက်ရှိဖို့ နှစ်လက်မသာ လိုတော့တယ်လို့ ဖော်ပြထားပါတယ်။

မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ စီတာပူ၊ ကျွန်းပင်သာ၊ ရွှေညောင်ပင်၊ ဇီးလွန်၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ယုဇနကွက်သစ်၊ မြို့သစ်ကြီး ကွက်သစ်၊ ပမ္မတီး ရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီဖြစ်တဲ့အတွက် လူမှုကူညီရေးအဖွဲ့အချို့က ကူညီဆောင်ရွက် ပေးကြပါတယ်။

မနက်တစ်နာရီခွဲအချိန်တိုင်းတာချက်နှင့် တစ်နာရီအတွင်း ကွာခြားချက်က နှစ်လက်မဖြစ်ပြီး ရေဆက်လက်တက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ညနေပိုင်း အချိန်တိုင်းတာချက်နှင့် တိုင်းတာပါက စုစုပေါင်း ၉၀ စင်တီမီတာ – ၃ ပေခန့် မြှင့်တက်ပြီးဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ယမန်နှစ်က ဧရာ၀တီမြစ်ရေဟာ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာကို ကျော်လွန်ကာ ၁၄၀၆ စင်တီမီတာကို ရောက်ရှိခဲ့ပြီး မြို့ဧရိယာ တဝက်ခန့်ကို ရေနှစ်မြုပ်စေခဲ့ပါတယ်။

294 Comments

Leave a Reply

Your email address will not be published. Required fields are marked *