ယနေ့မှစ ထိုင်းတစ်နိုင်ငံတည်းမှာသာ အသုံးပြုခွင့်ရမည့် မြန်မာနိုင်ငံကူးလက်မှတ်ကိုသာ ထုတ်ပေးမည်
စက်တင်ဘာ 24 ထိုင်းနိုင်ငံအတွင်း သက်တမ်းတိုးတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို ထိုင်းတစ်နိုင်ငံထဲမှာပဲ အသုံးပြုခွင့်ရတော့မယ်လို့ ဒီကနေ့ စက်တင်ဘာ 24 မှာသတင်းများ ထွက်ပေါ်လာပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာကို ထိုင်းနိုင်ငံအတွင်း ပြုလုပ်မယ်ဆိုရင် အခြားနိုင်ငံတွေကို သွားရောက်ခွင့်ပြုမှာမဟုတ်တဲ့အကြောင်းကို နိုင်ငံကူးလက်မှတ်မှာ တရားဝင် တံဆိပ်တုံး ရိုက်နှိပ်ပေးလိုက်တာပါ။ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ ရွှေ့ပြောင်းအလုပ်သမား ကတ် (ပန်းရောင်ကတ်) နှင့် ထိုင်းနိုင်ငံအတွင်းမှာနေထိုငိဖို့ ထုတ်ပေးထားတဲ့ မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံစာ (Certificate of Identity – CI) ကတ်တွေကို အဓိက ကိုင်ဆောင်
ခမာစစ်သားတစ်ဦးသေဆုံးမှုနောက် ထိုင်း – ကမ္ဘောဒီးယား နယ်စပ်အချို့ကို ထပ်မံပိတ်သိမ်း
မေ ၃၁ ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့ ကမ္ဘောဒီးယားနယ်စပ် ၆ နေရာကို ထိုင်းအစိုးရက မေ ၃၁ ရက် ဒီကနေ့က စပြီး ပိတ်သိမ်းလိုက်ပါတယ်။ အပြီးအပိုင်ပိတ်ခဲ့တဲ့ နယ်စပ်စခန်း ၆ ခုရှိပြီး ယာယီပိတ်ထားတဲ့ နယ်စပ် ၁၀ ခုရှိပါတယ်။ ယခင်ပိတ်ထားတဲ့ နယ်စပ်နှစ်ခုအပါအဝင် ပိတ်သိမ်းထားတဲ့ နယ်စပ် ၈ ခုထိ ရှိလာပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Chong Bok, Ubon Ratchathani ပြည်နယ်မှာ ထိုင်းလူမျိုးတွေနဲ့ ခမာလူမျိုးတွေ အချင်းဖြစ်ပွားခဲ့ရာက ခမာစစ်သားတစ်ဦး သေဆုံးခဲ့ပြီး လူအချို့ ဒဏ်ရာ ရရှိခဲ့တဲ့
