By moethaesay
” မိန်းမတွေကို ယောက်ျားတစ်ယောက်က မနှိမ်ခင် မိန်းမအချင်းချင်း နှိမ်နေတဲ့ ခင်ဗျားတို့ရဲ့ ကြီးမြတ်လှတဲ့ Society ကြီးကိုသာ ပြောင်းလဲလိုက်။ ဘယ် မိန်းမ ဘယ်ယောက်ျားကမှ တစ်ယောက်အောက် တစ်ယောက် နိမ့်မနေဘူး၊ လူဟာ လူပဲဆိုတာ လက်ခံတဲ့နေ့ကနေစပြီး ခင်ဗျားတို့ဟာ ချုပ်နှောင်မှုမရှိတဲ့ လွတ်လပ်သော တရားမျှတခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခြင်းကို အဟုတ် ရရှိလိမ့်မယ်။ “
* Trigger Warning *
R – Rated Content : This content contains sensitive topic, strong language, taboo & Sexuality.
ဒီလောကကြီးက လူတိုင်းအပေါ် မညီမျှဘူးဆိုတဲ့ ညီမျှခြင်းကို လက်ခံထား၊ အသက်ကို ဖြည်းဖြည်းရှူ၊ ဆေးလိပ်ကို မြန်မြန်သောက်။ မညီမျှခြင်းတွေ ကြုံရတဲ့အခါ လက်ခလယ် ထောင်ပြခဲ့လိုက်။ ဘဝက များများစားစားမရှိဘူး။ ဒါပဲ။
တစ်ရက် ငါ့ အကိုက Customer Service ကောင်းတယ်ဆိုတဲ့ အအေးဆိုင်လေးတစ်ဆိုင် ညွှန်းတယ်။ ငါတို့ မိန်းမ သူငယ်ချင်းတသိုက် သွားထိုင်ကြတဲ့အခါ အဲဒီဆိုင်ရှင် မိန်းမဟာ ဆူဆူအောင့်အောင့်နဲ့။ ဘာအထာလဲ။ နောက်တစ်ရက် ငါ့ အကိုနဲ့ ထပ်သွားတော့ ရယ်ပြပြုံးပြရှိလာတာကို ထူးထူးဆန်းဆန်းတွေ့ရတယ်။
ယောက်ျားတစ်ယောက်ကို နှာဘူးကောင်လို့ ခေါ်တဲ့ မိန်းမတစ်ယောက်ကို နှာဘူးမလို့ ပြန်ခေါ်ပေးခဲ့တယ်။ သူ ကြည့်ဖူးတဲ့ အပြာကားတွေထဲကလို မဟုတ်လို့ ထင်ပါရဲ့။
မိန်းမတစ်ယောက်ရဲ့ နို့တွေကို ပယ်ပယ်နယ်နယ် ဝေဖန်နေတဲ့ လက်ဖက်ရည်ဆိုင်ကကောင်ကို သူတို့ လိင်တံတွေဟာလည်း အပြာကားထဲက လိင်တံတွေလောက် သဘောကျစရာမကောင်းကြောင်း ထပြောပြီး လှည့်ထွက်လာခဲ့လိုက်တယ်။
အဲဒီညနေက ငါလိုချင်နေတဲ့ ညီမျှခြင်းပုံသေနည်းတစ်ခုကို မမျှော်လင့်ထားတဲ့နေရာက ငါ ပြန်ရလိုက်တယ်။ ကျေနပ်စရာပဲ။
လမ်းမှာ ဆိုင်းဘုတ်တွေကိုင်ပြီး အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု အခုရပ်ဆိုပြီး လူတချို့ ဆန္ဒပြနေကြတယ်။
အဲဒီမိန်းမတွေကို ငါက ငါ့သူငယ်ချင်းတစ်ယောက်လည်း အိမ်တွင်းအကြမ်းဖက်မှုခံစားနေရကြောင်း၊ သူ့ရဲ့အတူနေချစ်သူက သူ့ကို လွတ်လပ်မှုမပေးဘဲ ချုပ်ချယ်ကြီးစိုးနေတယ် ပြီးတော့ စိတ်မထင်ရင် မထင်သလို ဆွဲကိုက်တာမျိုး၊ ပါးနားရိုက်တာမျိုး၊ အိမ်ပေါ်ကနှင်ချတာမျိုးလုပ်တတ်ကြောင်းပြောပြတော့ ချက်ချင်းလူတွေဝိုင်းလာပြီး ဂရုတစိုက်နဲ့ နားထောင်ကြပေမယ့် ငါ့ သူငယ်ချင်းက ယောက်ျားလေးမှန်း သိသွားတော့ တစ်ယောက်မှ ဆက်နားမထောင်ကြတော့ဘူး။
အဲဒီနေ့က ငါ တစ်ယောက်တည်း ပလက်ဖောင်းဘေးမှာ ထိုင်အော်နေခဲ့လိုက်တယ်။ အမျိုးသားများအပေါ် အိမ်တွင်းအကြမ်းဖက်မှု အခုရပ်လို့။ ဘယ်သူမှ စောက်ဖက်မလုပ်ပါဘူး။ ငါကလည်း လက်ခလယ်ပါပဲ။ ဘယ်သူကိုမှ စောက်ဂရုမစိုက်ပါဘူး။
မိခင်စိတ်ပြည့်ပါတယ်ဆိုတဲ့ မိန်းမတွေက ငါ့အကိုကို မမှီ။ သူက ငါတို့အားလုံးကို ရင်အုပ်မကွာ စောင့်ရှောက်ထားတယ်။ ရာသီလာလို့ ဗိုက်အောင့်နေတဲ့အချိန် ရေခဲမုန့်စားမယ်ပြောတော့ နင် ရေခဲမုန့်တစ်ဇွန်း ပါးစပ်ထဲထည့်လိုက်တာနဲ့ ငါ့ ခြေထောက် နင့်မျက်ခွက်ကို ဝင်ပြီနော်ဆိုပြီး အသေးစိတ်ကအစ ဂရုစိုက်တဲ့ အကိုကို ငါရတဲ့နေ့ကစပြီး ဆိုင်းဘုတ်ကိုင်ထားတဲ့ ခင်ဗျားတို့တွေအကုန်လုံးကိုလည်း ငါက လက်ခလယ်ပါပဲ။
ပြောသာပြောရတယ်။ မိန်းမတွေက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်။ မိန်းမတွေက ယောက်ျားတွေအောက် ခေါင်းငုံ့ခံနေစရာ မလိုဘူးဆိုတဲ့ စကားတွေ အပ်ကြောင်းထပ်အောင်ပြောပြီး မိန်းမတွေရဲ့ ဩဇာတိက္ကမကြီးမြတ်မှုကို အထူးပူဇော်ခဲ့တဲ့ ငါ့အမအပျိုကြီးတောင် အသက် (၃၀)ကျော်မှ ယောက်ျားယူပြီး ယောက်ျားလုပ်စာထိုင်စားနေတာ ကြာပြီ။ အခုကျတော့ ဘာလို့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်လုပ်စာ ကိုယ်ရှာစားချင်စိတ်မရှိတော့တာလဲ ငါမမေးရဲဘူး။ ဒါပေမယ့် အခုထိ မိန်းမတွေက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ် ဘာဘာညာညာ တစ်ရာဖိုးသုံးပုဒ်တွေ Facebook ပေါ် Share နေတာတော့ တွေ့တာပဲ။
နို့သီးဘက်လက်လို့ လူတွေပြောသလို အတွင်းခံဘရာမဝတ်ဘဲ လမ်းပေါ်ထွက်ချင်ထွက်မယ်။ ဒါက ငါ့အခွင့်အရေးဖြစ်ပြီး ငါ့ ရင်ဘတ်တွေကို ကြည့်နေချိန် ခင်ဗျားတို့ လိင်တံတွေ ထောင်မတ်လာတာက ခင်ဗျားတို့ ပုဂ္ဂလိကခံစားမှု ဖြစ်တယ်။ ခင်ဗျား ငါ့ကို မထိမချင်း ခင်ဗျားတို့ လိင်တံတွေ ထောင်မတ်နေနိုင်တာက ခင်ဗျားအခွင့်အရေးပဲ။
ယောက်ျားတစ်သိုက် မိန်းမတစ်ယောက်ရဲ့ တင်ပါးကို လိုက်ကြည့်လို့ သွက်သွက်ခါ ရန်တွေ့နေတဲ့ မိန်းမတစ်သိုက်ကို သူတို့ ယောက်ျားတစ်ယောက်ရဲ့ ဆီးခုံကို လိုက်ကြည့်တဲ့အချိန် ငါ မမြင်ပါစေနဲ့ ဆုတောင်းစေချင်တာပဲ။
စိတ်တိုနေတဲ့ ငါ့ သူငယ်ချင်းကြောင့် ငါ တရားရမိတာလည်း ရှိသေးတယ်။ သူ့ကို ရည်းစားစာပေးလို့တဲ့။ နင့်စောက်ဆင့်နဲ့ ငါက ဘာကြည့်ပြီး ပြန်ကြိုက်ရမှာလဲလို့ ပြောလိုက်တော့ သူတောင်းစားက ငါ့ကို ခွေးကျွေးလို့မှ ငှက်မစားတဲ့ရုပ်လို့ ပြောသွားတယ်တဲ့။
မိန်းမတစ်ယောက်ကို အခုလိုပြောတာ သဘောထားသေးသိမ်ကြောင်း၊ စော်ကားကြောင်း၊ မလေးစားကြောင်း လာပြောနေသေးတယ်။ ခင်ဗျားတို့ လူ့အဖွဲ့အစည်းကြီးက ရယ်လည်းရယ်ရတယ်။
Society က ကိုယ်ခန္ဒာပေါ်က အရှိုးရာတွေကိုသာ ဂရုစိုက်ကြပုံရတယ်။ ဦးနှောက်ထဲက အရှိုးရာတွေကျ မြင်အောင်မကြည့်။ ငါ့ ဦးနှောက်ကို မုဒိန်းကျင့်နေကြပါတယ်လို့ အော်လည်း စောက်ဖက်မလုပ်ဘူး။
ဒီလိုပဲ ငါ့ဘာသာ တိုင်နဲ့ခေါင်းနဲ့ ဆောင့်ပြီး ငါ့ဦးနှောက်ကို မုဒိန်းလာကျင့်တဲ့ ငါ့ရည်စားဟောင်းကောင်လုပ်ပါတယ်ပြောလိုက်တယ်။ စောက်ကျင့်ယုတ်မှု အထမြောက်သွားတော့ ဒီကောင်ဟာ လက်ဖျောက်တစ်ချက်တီးမှာ ထောင်ထဲရောက်သွားတာပဲ။ သိပ်လွယ်တယ်။
ကိုယ့်သမီး မ အင်္ဂါထဲကနေ နှလုံးသားထဲအထိ ထိုးထည့်ကြလို့ ဖြစ်လာတဲ့ မုဒိမ်းမှုတွေကို Social Media မှာ တွေ့နိုင်ပြီး ကိုယ့် သူငယ်ချင်း ဖို အင်္ဂါကနေတဆင့် ရွံရှာဖွယ် စိတ်ဓာတ်တွေကို ပတ်ဝန်းကျင်အထိ ကူးစက်အောင် အဓမ္မ ရယူ ထိုးထည့်ကြတဲ့ မအင်္ဂါပိုင်ရှင်တွေရဲ့ မုဒိမ်းမှုတွေကိုတော့ ပတ်ဝန်းကျင်မှာ တွေ့နိုင်တယ်။
ငါတို့ မိန်းမတွေကို ကာကွယ်ပေးထားမှုကြီးက တချို့ ယောက်ျားတွေ ခံနေရတဲ့ Victim ဇာတ်လမ်းတွေ ဖော်ပြခံရခြင်းမရှိ။
ယောက်ျားကောင်း မောင်းမတစ်ထောင်လို လာဆက်ဆံရင် ငါကလည်း ရည်းစားတစ်ရာ လင်ကောင်းတစ်ယောက်လို ပြန်ဆက်ဆံမှာပဲ။ ဒါက ငါ့အတွက် ညီမျှခြင်း။
မနေ့က ငါ စကပ်တိုတိုလေးဝတ်ပြီး အပြင်သွားတယ်။ အမေက နင့်ကို လမ်းက ကောင်လေးတွေ စလိမ့်မယ်နော်လို့ အော်ပြောတာကို လက်ခလည်ထောင်ပြခဲ့ပြီး အိမ်ရှေ့ထွက်တာနဲ့ အိမ်မျက်စောင်းထိုးက အဒေါ်ကြီးက သူ့သမီးနားကပ်ပြီး ငါ့ အောက်ပိုင်းကို ကြည့်ရင်း တိုးတိုးပြောနေလို့ လက်ခလည်ထပ်ထောင်ပြခဲ့ရသေးတယ်။
ယောက်ျားတွေကို မမှီခိုဖို့ ဆုံးမခဲ့တဲ့ ငါ့အမေက သန်းခေါင်စာရင်းထဲမှာ တရားဝင် မှီခို။ အဲဒီ့အချိန်တည်းက မှီခိုမိန်းမတွေကိုလည်း ငါ လေးစားပေးခဲ့တာ။ စောက်ကြီးစောက်ကျယ်တွေပြောပြီး ခိုး မှီခိုနေသူတွေကိုတော့ ငါက လက်ခလယ်ပါပဲ။
လိင်ကိစ္စပြောကြတော့ ငါ့ ချစ်သူက ငါတို့ကို အထင်မသေးစမ်းပါနဲ့။ ယောက်ျားကောင်းတွေက ထိုးထည့်လို့ရတဲ့ မ အင်္ဂါနဲ့ ထိုးထည့်လို့ မရတဲ့ မ အင်္ဂါဆိုပြီး ခွဲခြားထားတာ ရှိပါတယ်။ လူပဲ ချီးစားထားတဲ့ ခွေးမှ မဟုတ်တာဆိုတော့ မိန်းမကောင်းတွေမှာလည်း ပေးထိုးလို့ရတဲ့ ဖို အင်္ဂါနဲ့ ပေးထိုးလို့ မရတဲ့ ဖို အင်္ဂါ ခွဲတတ်ကြပါတယ်ပြောပြီး အတူတူရယ်ကြသေးတယ်။
ငါ့ မ လိင်အင်္ဂါကို ချနင်းပြီး ငါက ရာထူးမရှာဘူး။ အာဏာမရှာဘူး။ ပိုက်ဆံမရှာဘူး။ ငါ့ လိင်စိတ်ပြင်းပြမှုကို အကြောင်းပြပြီး တွေ့ကရာ ဖို လိင်တံ မထိုးထည့်ဘူး။ ဒီလိုမိန်းမတိုင်းရဲ့သားအိမ်တွေက ဩဇာတိက္ကမကြီးမားနေပြီး အဲဒီလို ဖို လိင်တံတိုင်းကလည်း အရှိန်အဝါတောက်ပြောင်နေတာ မထူးဆန်းဘူး။
ယောက်ျားတွေကို စောက်ပြစ် ထိုင်မပြောနဲ့။
မိန်းမတွေကို ဉာဏ်ပညာနဲ့ ချစ်ခြင်းတရား ဖြန့်ကျက်ပေးလိုက်။
လုပ်နိုင်စွမ်းတွေ တိမ်မြုပ်နေတဲ့ မိန်းမတွေ၊ ယောက်ျားတွေကို “နင်လုပ်နိုင်တယ်” ဆိုတဲ့ စိတ်ဓာတ်ခွန်အားတွေသာ ထည့်ပေးလိုက်ကြည့်။ ကိုယ့်တန်ဖိုး ကိုယ်သိနေတဲ့သူဟာ သူ့အတွက် တရားမျှတခြင်း သူဘာသာ သူ ရှာလိမ့်မယ်။
မိန်းမတွေကို ယောက်ျားတစ်ယောက်က မနှိမ်ခင် မိန်းမအချင်းချင်း နှိမ်နေတဲ့ ခင်ဗျားတို့ရဲ့ ကြီးမြတ်လှတဲ့ Society ကြီးကိုသာ ပြောင်းလဲလိုက်။ ဘယ် မိန်းမ ဘယ်ယောက်ျားကမှ တစ်ယောက်အောက် တစ်ယောက် နိမ့်မနေဘူး၊ လူဟာ လူပဲဆိုတာ လက်ခံတဲ့နေ့ကနေစပြီး ခင်ဗျားတို့ဟာ ချုပ်နှောင်မှုမရှိတဲ့ လွတ်လပ်သော တရားမျှတခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်ခြင်းကို အဟုတ် ရရှိလိမ့်မယ်။
တကယ်တော့ လောကကြီးကို ယောက်ျားတွေ လွှမ်းမိုးနေမှာ မကြိုက်ရင် လွှမ်းမိုးခံချင်နေတဲ့ ခင်ဗျားတို့စိတ်ဓာတ်တွေ အရင် ပြင်ဖို့ လိုတယ်။
နင်တို့ လွှမ်းမိုးစရာမလိုဘူးဆိုပြီး ယောက်ျားထုကို ဗလိုင်းကြီး သွားပဲ့ပြင်ပေးဖို မလိုနေဘူး။ ကိုယ့်ကိုယ် သတ်နိုင်တဲ့ရန်သူကြောင့် ကိုယ် မသေအောင် ပြင်ဆင်မှုတွေ မလုပ်ဘဲ နင် ငါ့ကို သတ်မှာလား အဲဒီလို သတ်မယ်ဆိုရင် တရားဥပဒေနဲ့ မညီဘူးနော်ဆိုပြီး တရားပြဖို့ ကြိုးစားနေတာက မ ဝါဒီ မဟုတ်သလို သူရဲကောင်းစိတ်ဓာတ်လည်း ဟုတ်မနေဘူး။
ဒါ ခင်ဗျားတို့ ကြောက်စိတ်ကို ခင်ဗျားတို့ အထုတ်ဖြေပြပြီး စစ်မတိုက်ခင် မြှားကုန်နေတာပဲ။
မိန်းမတွေက ထက်မြတ်ပြီးသားမို့ ယောက်ျားဆိုတာ ခိုင်းနွားပဲလို့ အတွေးအခေါ်ရှိတဲ့ မိန်းမဝါဒီသမားတွေကို ရွံတယ်။ မိန်းမတွေက အရာရာဦးဆောင်နိုင်တယ် အော်နေပေမယ့် ယောက်ျားတစ်ယောက်ကို ကိုးကွယ်ပြီး အိမ်ဦးနတ်တင်တဲ့ ကျွန်စိတ် (Slave Mind) နဲ့ Society ကို ရွံတယ်။
အရိုးကွဲအောင်ရိုက်မှ အသဲစွဲအောင် ချစ်တယ်ဆိုပြီး အကြမ်းဖက်တတ်တဲ့ ယောက်ျားဝါဒီသမားတွေကို ရွံတယ်။
နင်တို့ လိင်စိတ်ပြင်းပြတဲ့အခါ မုဒိမ်းကောင်၊ ငါတို့ လိင်စိတ်ပြင်းပြတဲ့အခါကျတော့ နင်တို့ မြူဆွယ်တာဆိုပြီး ယောက်ျားတွေကို ခန္ဒာ၊ ဦးနှောက် မုဒိမ်းကျင့်နေတဲ့ မိန်းမတွေကို ရွံတယ်။
မိန်းမအချင်းချင်းကျ လက်ကမ်းမြှင့်တင်ပေးဖို့၊ တည့်မတ်ပေးဖို့ စိတ်ကူးထဲမရှိဘဲ ယောက်ျားတွေကို သားကောင်း၊ ယောက်ျားကောင်းဖြစ်အောင် ပြုပြင်ပေးဖို့ အတင်းကာရော ကြိုးစားနေတဲ့ ကြီးမြတ်လှတဲ့ စေတနာရှင် အလှူဒါယိကာမကြီးတွေကို ရွံတယ်။
နင်တို့ကလည်း ဖို/မ ခွဲခြားမှုကို သေးပေါက်ပုံ မတူတာလောက်ပဲ ဂရုစိုက်ပြီး တွေ့ကရာ လက်ခလည်ထောင်နေတဲ့ ငါ့ကို ရွံမယ်။ ဒါကို ငါကလည်း လက်ခလည်ပါပဲ။ ဒါပေမယ့် ရွံစရာကောင်းတဲ့ ခင်ဗျားတို့ကတော့ ကျေးဇူးပြုပြီး လိင်ဆက်ဆံတဲ့အခါ ခင်ဗျားတို့ သုတ်ရည်တွေကို အပြင်မှာ ပန်းပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။
// moethaesay //
မူရင်းပို့စ် – https://www.facebook.com/share/16TjHSFtdV/
Photo Credit – LADYLIKE Art Print BY Ally Quirk Design

16 Comments
okebet4 https://www.okebet4u.com
mwplay88fun https://www.mwplay88fun.org
phtaya01 https://www.phtaya01.org
philucky https://www.usphilucky.org
phtaya 63 https://www.phtaya-63.org
okebet3 https://www.okebet3u.org
jilibet004 https://www.jilibet004.org
99boncasino https://www.99boncasino.net
91phcom https://www.91phcom.net
ph567 https://www.newph567.net
bb777 https://www.webbb777.org
phwin77 Online Casino: The Best phwin77 Slots in the Philippines. Quick phwin77 Login, Register, and App Download to Win Big Today! Experience the ultimate phwin77 online casino in the Philippines! Play top-rated phwin77 slots, enjoy a fast phwin77 login, easy phwin77 register, and secure phwin77 app download to win big today. Join now for the best gaming experience! visit: phwin77
[7967]777pub Online Casino Philippines: Login, Register, and App Download for Premium Slots Experience the best at 777pub Online Casino Philippines. 777pub login or 777pub register now to play premium 777pub slots. Get the 777pub app download for 24/7 mobile fun! visit: 777pub
Yo, anyone tried ag999game? I’m always looking for a new place to spend my time. Is it legit, or am I gonna regret it? Let me know. Check them out here: ag999game
Trying to get into ah77login and the login’s not working! Anyone else having this problem? Hope it’s a glitch. Fingers crossed! See if it works for you: ah77login
Alright, gonna give bancaxeng a try. Heard some good things, hoping it lives up to the hype. Wish me luck! Check it out yourself: bancaxeng