KNLA နဲ့ KNDO တပ်များ စကစ ရဲ့ မယ်လ (မော်ကွီးလူ) စခန်းကို အာရုံတက်ချိန် သိမ်းပိုက်၊ မြန်မာနယ်စပ် ထိုင်းကျောင်းများ မဖွင့်လှစ်နိုင်
Myanmar News Thailand

KNLA နဲ့ KNDO တပ်များ စကစ ရဲ့ မယ်လ (မော်ကွီးလူ) စခန်းကို အာရုံတက်ချိန် သိမ်းပိုက်၊ မြန်မာနယ်စပ် ထိုင်းကျောင်းများ မဖွင့်လှစ်နိုင်

May 16, 2025

မေ ၁၆

ဒီကနေ့ မနက် ၅ နာရီခွဲမှာ KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေထဲရှိ ကျန်ရှိနေသေးတဲ့ နယ်စပ် စစ်ကောင်စီ တပ်စခန်း မယ်လ (မော်ကွီးလူ) စခန်းကို KNLA နဲ့ KNDO တပ်တွေ သိမ်းပိုက်လိုက်ပြီလို့ ထိုင်း – မြန်မာ နယ်စပ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မယ်လစခန်းကို မေ ၁၅ မနက်ပိုင်းကမှ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒရုန်း၊ ဗုံးပစ်လောင်ချာ၊ လက်နက်ကြီး၊ စက်သေနတ်တွေနဲ့ အပြင်းအထန် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်ပစ္စည်အများအပြားကို KNU က ရရှိခဲ့တယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထိုင်းနယ်စပ်အနီး တာလယ် ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်အတွင်းမှာ KNU တပ်မဟာ ၇ က လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံမြို့၊ ဒေါနတောင်အရှေ့ခြမ်း ထိုင်းနယ်စပ်တစ်လျှောက် စစ်ကောင်စီစခန်းများထဲမှ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာနဲ့ မယ်လ (မော်ကွီးလူ) စခန်းတွေကို သိမ်းပိုက် နိုင်ခဲ့တာပါ။

KNU အနေနဲ့ ထိုင်းနယ်စပ်တစ်လျှောက် စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ခဲ့ရာမှာ မော်ဖိုးခီ့ (မော်ဖိုးကေ)စခန်းနဲ့ နောင်တရာ စခန်း ၂ ခုကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ မေ ၁၆ ရက်မနက်မှာ ကျသွားတဲ့ မယ်လစခန်းအနီး လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်လာရာ ထိုင်းဘက်မှ စစ်တပ်က နယ်မြေကျော်ဖြတ်ထိပါးလာခြင်း မရှိစေဖို့ အင်အားဖြည့်တင်း စောင့်ကြပ်နေတာကိုလည်း တွေ့ရှိရပါတယ်။

မေလ ၁၆ ရက်ဟာ ထိုင်းနိုင်ငံ ကျောင်းများ စတင်ဖွင့်ရက် ဖြစ်ပေမယ့် တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီစခန်းဟာ ထိုင်းဘက်နဲ့ တစ် ကီလိုမီတာအကွာမှာ ရှိနေတာကြောင့် ထိုင်းဘက်ခြမ်း သာဆောင်ယန်းခရိုင်၊ မယ်လရွာအနီးတဝိုက်မှာတော့ ကျောင်းတွေဖွင့်လှစ်နိုင်ခြင်း မရှိသေးပါဘူး။

မယ့်ဆလာနဲ့ မယ်အုတ်ဖလူရွာတွေက စာသင်ကျောင်းတွေ မဖွင့်လှစ်နိုင်သေးဘဲ ဘေးကင်းမယ့် ရက်မှ ဖွင့်လှစ်နိုင်မယ်လို့ ဒေသခံများက ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် မိုင်းခင်ခြင်းနဲ့ လက်နက်ကြီးရန်က ရှောင်ရှားဖို့ မြန်မာဘက်က စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၄၀၀ ကျော်ဟာ မယ်လ၊ မယ့်ဆလာ၊ အုတ်ဖလူရှိ စစ်ဘေးရှောင် ကူညီရေးစခန်းများ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေရပါတယ်။

4888 Comments

Leave a Reply to elektrokarnizi_edka Cancel reply

Your email address will not be published. Required fields are marked *