အောက်တိုဘာ ၅
စက်တင်ဘာ ၃၀ ရက်က ထိုင်းနိုင်ငံ လွှတ်တော်အတွင်း ပြည်သူ့ပါတီခေါင်းဆောင်ရဲ့ လွှတ်တော်အမတ် ဖြစ်တဲ့ ရန်ဆီမန်ရုမ်းကို တောင်အာဖရိက စီးပွားရေးလုပ်ငန်းရှင် ဘန်ဂျမင်မူအာဘာဂါ (အများသိအမည် ဘန်စမစ်) က အသရေဖျက်မှုနဲ့ ဘတ် သန်း ၁၀၀ ရလိုကြောင်း တရားစွဲလိုက်ပါတယ်။
ရုန်ဆီမန်ရုမ်းက ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းတွေမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နိုင်ငံရဲ့ ထိပ်တန်းအစိုးရအကြီးအကဲတွေ ဆက်စပ်မှုရှိနေတယ်လို့ စွပ်စွဲခဲ့ရာမှာ ကျားဖြန့်ခေါင်းဆောင်လို့ ပြောဆိုခဲ့တာကြောင့် ဘန်စမစ် က တရားစွဲခဲ့တာပါ။
ထိုင်း ပြည်သူ့ပါတီခေါင်းဆောင်လွှတ်တော်အမတ်ဖြစ်တဲ့ ရုန်ဆီမန်ရုမ်းက အမျိုးသားလုံခြုံရေး၊ ထိုင်းနယ်စပ်ရေးရာ၊ အမျိုးသား မဟာဗျူဟာနှင့် နိုင်ငံပြုပြင်ပြောင်းလဲရေး ကော်မတီရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်၊။
ProjectBrazen မီဒီယာပူးပေါင်းထူထောင်သူ တွမ်ရိုက်က Whale Hunting ဆိုတဲ့ ပလက်ဖောင်းမှာ စုံစမ်းသိရှိရတဲ့ ကမ္ဘောဒီးယားကျားဖြန့်လုပ်ငန်းတွေအကြောင်း စာမျက်နှာ ၁၃၀ ပါ လေ့လာတွေ့ရှိချက်ကို ဖော်ပြခဲ့ပါတယ်။
အဲ့ဒီဖော်ပြချက်တွေထဲက လက်ရှိ ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် စိုက်ပျိုးရေးဝန်ကြီးလည်းဖြစ်တဲ့ သမ်မာနတ် ပရွမ်ပါအိုနဲ့ ဘန်စမစ် တို့ ဘာသာရေးအခမ်းအနားပွဲ တစ်ခုမှာ အတူရှိနေတဲ့ ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ ရန်ဆီမန်းရုမ်းက ဖြေရှင်းချက်တောင်းဆိုခဲ့တာပါ။
တောင်းဆိုတဲ့အချိန်မှာ ဘန်စမစ်က ကမ္ဘောဒီးယားကျားဖြန့်များအတွက် ငွေကြေးခဝါချဖို့ အဓိက လုပ်ဆောင်ပေးတဲ့နေရာမှာ ထိုင်းနိုင်ငံရေးအကြီးအကဲတွေလည်း ပတ်သက်မှုရှိနေပြီး ၎င်းက လူမှောင်ခိုသမား လည်းဖြစ်တယ်လို့ ရန်ဆီမန်ရုမ်းက ပြောခဲ့တယ်လို ဆိုပါတယ်။
ဒါကြောင့် ထိုင်းဒုဝန်ကြီးချုပ် ပရွမ်ပါအိုက အသရေဖျက်မှုကြောင့် ရန်ဆီမန်ရုမ်းကို တရားစွဲကာ ဘတ်သန်းပေါင်းများစွာ လျော်ကြေးပေးဖို့နဲ့ အဆိုပါသတင်းမှားတွေကို ဖြန့်တဲ့ မီဒီယာတွေကိုပါ အမှုပေါင်း ၁၀၀ ကျော်ဖွင့်လှစ် တရားစွဲမလို့ ကြေညာခဲ့ပါတယ်။
ကမ္ဘောဒီးယားကနေ သီးသန့်ဂျက်လေယာဉ်နဲ့ ထိုင်းကို ဝင်လာသည့် ဘန်စမစ်ကပါ စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနက အတိုင်ပင်ခံဖြစ်သူ သန်နာဒေါဆူဝမ်နာရစ်ကို လွှဲစာပေးပြီး အောက်တိုဘာ ၄ ရက်က စတင်တရား စွဲလိုက်ကြောင်း အသိပေးထုတ်ပြန်သွားတာပါ။
ရန်ဆီမန်ရုမ်းဘက်က ထိုင်းဒုဝန်ကြီးချုပ် ပရွမ်ပါအိုကို ကျားဖြန့်ဒုစရိုက်လုပ်သူဟု စွပ်စွဲခဲ့ခြင်းမဟုတ်ဘဲ နောက်တစ်ပတ် ၎င်းရဲ့ ကော်မတီအစည်းအဝေးမှာ ပါဝင်ပြီး သတင်းအချက်အလက်များတွေကို မျှဝေဖို့ ဖိတ်ခေါ်ခြင်း သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
တွမ်ရိုက်ရဲ့ စုံစမ်းဖော်ထုတ်မှုသတင်းလွှာမှာ ဘန်စမစ်က Huiwan Company နဲ့ Huiwan PLC ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ကျားဖြန့်ကတဆင့် စီးဝင်ငွေ ဘတ် ၃ ထရီလီယံကို ငွေမဲကနေ ငွေဖြူဖြစ်စေဖို့ ခဝါချပေးခြင်းတာဝန်လည်း ယူထားသူဖြစ်တယ်လို့ ထုတ်ဖော်ထားပါတယ်။
ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ရဲ့ သက်သေရှာထားမှုအရ အဲ့ဒီ ကျားဖြန့်ငွေမဲတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ပြီး ခရစ်ပတို ငွေကြေးနဲ့ ရွှေ ဝယ်ယူပြီး ငွေဖြူအဖြစ် ပြန်လဲယူတယ်လို့ပါဝင်ပြီး ထိုင်းဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီး ချိုင်ချန်နော့ချစ်ဒ်ချော့ဘ် ကလည်း ကျားဖြန့်ဂိုဏ်းတွေ အမှုမပေါ်၊ စွဲချက်တင်မခံရစေရေး အာမခံတဲ့ အနေနဲ့ တစ်လ ဘတ်သန်း ၄၀ ရယူခံစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
Photo Credit and Ref: Khaosod,

16 Comments
rnuu9b
SB
https://www.philbetts.net I am thanksful for this post!
jilivip https://www.jilivipu.net
okebet4 https://www.okebet4u.com
okbet15 https://www.okbet15.org
2222ph https://www.be2222ph.org
phtaya11 https://www.phtaya11y.com
tayabet https://www.yetayabet.net
phtaya1 https://www.phtaya1.org
phwin25 https://www.phwin25g.net
vipjili https://www.vipjiliji.com
phtaya 63 https://www.phtaya-63.org
Hey, just downloaded the Bet200apk app – seems pretty slick so far. Easy to navigate and the odds look decent. Hoping for some wins! Check it out here bet200apk you might like it too.
Trying out Linkvofull88 today. Site seems pretty comprehensive. Hoping to find some good matches. Join me over here with the link to linkvofull88.
Logging into 78zinwin now. Looks promising, hoping for a big win! You can use the login link for yourself right here at 78zinwin and let’s get lucky together!